အပိုင်း (73.1)

1.3K 142 1
                                    

(73. 1)

ချန်းရှီးလေး က သူ့ရဲ့ ပျော်စရာ ကိုယ်ပိုင် ကမ္ဘာလေးထဲ နစ်မြုပ်နေပြီးတော့ ကလေးတွေကို အစာကျွေးနေ ရတာကို အရမ်းပျော်ရွှင် နေလေတယ်။ ပြီးတော့ ချန်းရှီးလေး က ပင်လယ်မျိုးနွယ်စု စုန်းမ ရဲ့ တောင်းဆိုမှုကို တုံ့ဆိုင်း ခြင်းမရှိ ငြင်းပယ်လိုက်လေတယ်။

ချန်းရှီးလေး က မနက်တိုင်း အိပ်ယာထဲမှာ မနေ တော့သလို အစောကြီးလည်း ထလေတယ်။ ဒါကြောင့် ချီဟန် ခမျာ သူမကို ပိုပြီး အိပ်ဖို့ တစ်ပြန်လည်လာ ပြောနေရပြန်တယ်။ သူမက မနက်အစောကြီး နိုးတယ်။ တစ်ခဏလောက် လှိမ့်ပြီးတာနဲ့ ထတယ်။ ချီဟန်တောင်မှ သူမလေး ဒီလို ဝီရိယ ရှိလာတာကို အရမ်း နှစ်သက်နေခဲ့တယ်။

'' အဖေ ၊ အားလီကို အစာမကျွေးနဲ့။ သူက သမီးရဲ့ ထိန်းချုပ်မှု အောက်မှာပဲနော်။ ''

ချန်းရှီးလေး က မနက်ခင်း နိုးနိုးချင်း မျက်လုံး သေချာ မဖွင့်ရသေးခင် အိပ်မှုံစုံမွှားနဲ့ ထကာ အားလီရဲ့ အခြေအနေ တွေ မှန်ကန်ရဲ့လား ဆိုတာ ကို စစ်ဆေး လေတယ်။

တုံ က ကလေးတွေကို ချော့ဖို့ အိမ်ကို ပတ်လျောက်သွားနေခဲ့တယ်။ ထိုစကားသံကိုကြားတော့ သူက သူ့ရဲ့ ခေါင်းကို ကို့ယို့ကားယားနဲ့ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ချီဟန်ရဲ့ ကူကယ်ရာ မဲ့နေတဲ့ အကြည့်တွေနဲ့ တွေ့ဆုံ သွားခဲ့လေတယ်။

ချန်းရှီး က အခု အရွယ်ထွားလာတယ် ဆိုပေမယ့် သူမကလည်း ငယ်ရွယ်တဲ့ သားပေါက်လေး ပဲ ဖြစ်နေသေးတယ်လေ။ အားလီနဲ့ ရွှမ်းရွှမ်း တို့က ညဘက်ဆိုရင် အရမ်း အနှောင့်အယှက် ဖြစ်တဲ့ အတွက်ကြောင့် သူမလေး ပိုပြီး အိပ်နိုင်စေရန် အတွက် ချီဟန်က သူမကို အဒေါ်တုံးဟွား တို့ အိမ်ကို ပို့ချင်ခဲ့တယ်။

သူမက လုံးဝကို သဘောမတူ တဲ့ အတွက်ကြောင့် တုံ က ည အချိန်မှာ ပိုပြီးတော့ သိထားနေရလေတယ်။ သားပေါက်လေးတွေ က ဗိုက်ဆာလို့ တအဲ့အဲ့ လုပ်ရင် တုံ က ချက်ချင်း နို့အသီး ထတိုက်ပြီးတော့ ချန်းရှီးနဲ့ ချီဟန် အိပ်နေတာ ကို နှောက်ယှက် ခွင့် မပေးခဲ့ပေ။

ဒါပေမယ့် ချန်းရှီးလေး က မနက်အစောကြီး တိုင်း နိုးလာလေ့ ရှိတယ်။ သူမက ကျားသစ်ပေါက်လေး အားလီ ကို အရမ်းနှစ်သက်ပြီးတော့ သူမရဲ့ ဂရုစိုက် မှုအောက်မှာ ထားခဲ့လေတယ်။
သူမက ဒီနေရာမှာ ရှိနေသမျှ အားလီ ကို ဘယ်သူမှ ထိလို့မရပေ။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!حيث تعيش القصص. اكتشف الآن