အပိုင်း (67. 2)

1.1K 120 1
                                    

(67. 2)

ချောင်ယွမ် မျိုးနွယ်စု က လူတွေက အနီးနားမှာ ရှိတဲ့ မျိုးနွယ်စု အလတ် နဲ့ အသေးတွေ မှန်သမျှကို စုဆောင်း နေခဲ့တယ်။ တကယ်လို့ ချောင်ယွမ် က ချင်းယွမ်ကို ပေါင်းစည်းချင်တယ် ဆိုရင် ပိုလို့တောင် လွယ်ကူနေပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ဒဏ္ဏာရီလာ ချောင်ယွမ် မျိုးနွယ်စု က ပေါ်လာပြီးတော့ အခုဆို ကြီးမြတ်တဲ့ အဆင့်ကိုတောင် နီးကပ်နေခဲ့ပါပြီ။ ချောင်ယွမ် မျိုးနွယ် စုမှာ ဒဏ္ဏာရီလာ ရှေးဘိုးဘေးရဲ့ မျိုးဆက်ဖြစ်တဲ့ သားရဲလူသားဖြစ်တဲ့ တောင်ပံနဲ့ ​ကျားဖြူကို မွေးပေးနိုင်ခဲ့တဲ့ ကျားဖြူ လူသားရှိပြီးတော့ တစ်ခြားရေအောက်မှာ သွားလာနိုင်တဲ့ ဒဏ္ဏာရီလာ သားရဲလူသားတွေ ရှိတယ်လို့ ကြားခဲ့ရတယ်။

အတိုချုပ်ရရင် တုံ က တိုက်ကွန်းခ် တိုက်မှာ အထူးဆန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး အငယ်ဆုံး မျိုးနွယ်စု ခေါင်းဆောင် ဖြစ်လေတယ်။ ချောင်ယွမ် မျိုးနွယ် က ကောင်းကင်တစ်ခွင် အုပ်စိုး နိုင်လောက်တဲ့ အထိပါပဲ။ ခုန်းရဲ့ မျိုးနွယ်စုထက်ကို ပိုပြီးတော့ ဆွဲဆောင်နိုင်လေတယ်။

တုံ ရဲ့ ညီကိုကောင်း တစ်ယောက် အနေနဲ့ ငယ်စဥ်ကတည်း က ယောင်ဟာ တုံထက် အရာရာမှာ ပိုကောင်းခဲ့တာ ပဲ ဖြစ်လေတယ်။ ကိုယ်အရွယ်အစားနဲ့ အမဲလိုက်နိုင်စွမ်း နှစ်ခုလုံး မှာပေါ့လေ။ဒါပေမယ့် အခုတော့ တုံ က ဒဏ္ဏာရီ ထဲက မထိတွေ့ နိုင်တော့တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လို့ နေခဲ့ ပါပြီ။

ယောင် က သူ့ရဲ့ နှလုံးသားထဲ မှာတော့ အနည်းငယ် စိတ်ပျက် သွားခဲ့လေတယ်။ တကယ်လို့ သူသာ ချောင်ယွမ်မျိုးနွယ်စုကို အစကတည်းက အတူတူ ပူးပေါင်း တည်ဆောက်ပေးခဲ့ရင် အခုချိန် သူ့ရဲ့လက်အောက်မှာ လူတွေ အများကြီး ရှိနေမှာပဲ ဖြစ်လေတယ်။

ရိတ်သိမ်း ရာသီ မတိုင်ခင် တုံးက သူဟာ တိတ်တိတ်လေး ပြန်ပြီးတော့ ကြည့်ခဲ့ဘူးတယ်။ အဲ့တုံးက သူနဲ့ ဂျိုအန်းရဲ့ အိမ်က အလွတ်ကြီး ဖြစ်နေဆဲ ဖြစ်ပြီးတော့ ဘယ်သူမှ မနေထိုင်တာကို တွေ့ခဲ့ရတယ်။

ချောင်ယွမ် မျိုးနွယ် က လူတွေက တစ်ချက်ကြည့်ရုံနဲ့တင် အကုန်လုံး အေးတဲ့ လျော်ထည်အဝတ်တွေကို ဝတ်ထားတာ တွေ့ရမှာပဲ ဖြစ်လေတယ်။ မျိုးနွယ်ထဲက အမျိုးသမီး အများစုနဲ့ သားရဲတစ်ဝက် အများစု ကလည်း လှပတဲ့ အဆင်တန်ဆာ တွေကို ဝတ်ဆင်ထားကြလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now