အပိုင်း (74. 1)

904 109 3
                                    

(74.  1)

ဒါက အချိန်အတော်ကြာကြီး ကြာတဲ့ အခါမှ ချီဟန်က လေလွင့်သားရဲလူသား ငယ်လေးကို ပထမဆုံး တွေ့ဘူးတာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် သူ့ရဲ့ အတွေးထဲမှာတော့ ထိုကောင်လေး ဝတ်ထားတာ တွေက စစ်ယူနီဖောင်းနဲ့တောင် တူနေတယ် လို့လေ။

ဒီကလေးက ဒီကမ္ဘာ ကနဲ့ မတူသလို တစ်ခြား နေရာကနေလည်း ကူးပြောင်းလာနဲ့လည်း မဖြစ်နိုင်ဘူး!

'' မင်းအိမ် က ဘယ်မှာလဲ?မင်းက ဘယ်ကနေ လာတာ လဲ? ''

သားရဲလူသား ငယ်လေး က ချီဟန်နဲ့ တုံ ကို ကြည့်လိုက်ပြီးတော့ သူတို့မှာ လက်နက်မရှိတာ တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့က ရိုးရှင်း စွာပဲ ဝတ်ဆင်ထားကြတယ်။ မကောင်းတဲ့ သူတွေနဲ့ မတူတာကို တွေ့တော့မှပဲ သူရဲ့ တင်းမာနေတဲ့ ကိုယ်လေးက အနည်းငယ်  ပြေလျော့သွားလေတယ်။

'' ငါ့ရဲ့ အိမ်က ရှန့်ကွမ်း တိုက်ကပါ။ ငါ က ဒီတံခါး ကနေ ဖြတ်ပြီးတော့ လာခဲ့တာ ပါ ''

ချီဟန် နဲ့ တုံ တို့က သူညွှန်ပြတဲ့ နေရာကို လိုက်ကြည့် လိုက်ကြတယ်။ သူ့ရဲ့ နောက်မှာ မသိသာတဲ့ ကျောက်တုံး အပြားကြီး ရှိနေလေတယ်။ ဂူတစ်ခုတူးတဲ့ အခါ အခုလိုမျိုး ကြီးမားတဲ့ ကျောက်တုံးကြီး ကိုတွေ့ရတာ က သာမန် ပဲ ဖြစ်လေတယ်။

ချီဟန် အမြဲတမ်း တွေးမိတာက ဒါဟာ သာမန် ကျောက်တုံးကြီး လို့ပေါ့လေ။ အခုတော့ အဲ့တာက အလုပ်ဖြစ်နေတယ်။ သူက အနီးနားကို ပိုတိုးပြီး ကပ်ကြည့်လိုက်တဲ့ အချိန်မှာတော့ အဲ့တာက တကယ်ကို တံခါး တစ်ချပ်နဲ့ တူနေတာကို တွေ့လိုက်ရတယ်။

ဒါက ခုန်း ပြောခဲ့တဲ့ တံခါး ဆိုတာ များလား?

ချီဟန်နဲ့ တုံ တို့က အချင်းချင်း ကြည့်လိုက်ပြီးတော့ နှစ်ယောက် လုံးရဲ့ မျက်လုံးတွေ ထဲမှာ တုန်လှုပ်မှုတွေနဲ့ ပြည့်နေခဲ့လေတယ်။ သူတို့တွေက ဒီမေးခွန်းကို ဆယ်နှစ်ကျော် ရှောင်ရှား ခဲ့တာ ဖြစ်ပြီးတော့ အခုချိန်မှာ ဒီမေးခွန်း က သူတို့ရဲ့ ရှေ့မှာ တည့်တည့်ကြီး ရောက်လာခဲ့ ပြီ မဟုတ်လား?

ရှန့်ကွမ်း တိုက်က သားရဲလူသား တွေက ကြီးမားတဲ့ ကိုယ်ခန္ဓာတွေ ရှိကာ ဉာဏ်ရည်ကလည်း မြင့်မားပြီးတော့ သက်တမ်း ကလည်း ရှည်လျားလေတယ်။ သူတို့က တိုက်ကွန်းခ် တိုက်ပေါ်က လူတွေထက် အများကြီး ပိုသာလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now