(65. 1)
မျိုးနွယ်စုက ဒီအတောအတွင်း ဖွံ့ဖြိုးမှုကြောင့် စည်ကားလာပြီးတော့ အနည်းငယ် တိုးတက်လာခဲ့လေတယ်။ ဒီနှစ်ရဲ့ ဆောင်းရာသီ ပြီးတဲ့နောက် နောက်နှစ်မှာ ကြီးမားတဲ့ စိုက်ပျိုးမှု ကြီးက တိုးတက်လာလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ လူဦးရေ က တိုးလာပြီ ဖြစ်တဲ့ အတွက်ကြောင့် လယ်မြေတွေက တိုးချဲ့ ပြီး စိုက်ရတော့မှာ ပဲ ဖြစ်လေတယ်။
ချောင်ယွမ် မျိုးနွယ်စုက က လောင်ရှန်းနဲ့ မနီးပေမယ့် ဝေးနေတာ မျိုးလဲ မဟုတ်ခဲ့ ပါပေ။ မီးတောင် ပေါက်ကွဲမှု ဖြစ်တာ ဒါမှမဟုတ် ငလျင် လှုပ်တာ တစ်ခု ဖြစ်တာ ဆိုလို့ကတော့ သူတို့ရဲ့ အားထုတ်မှုတွေ အကုန်လုံး ဆုံးရှုံးသွားမှာ ပဲ ဖြစ်လေတယ်။ ချီဟန် က ရလာတဲ့ သတင်းအသစ်ကို ရုတ်တရက် ကြီး လက်မခံ နိုင်သေးပေ။
အဲ့တာ က အရမ်းကို ရုတ်တရက်ဆန်လွန်းတယ်လေ!
'' ပင်လယ်မျိုးနွယ်စု စုန်းမ၊ ဒီထဲက ဟာတွေ တကယ်ဖြစ်လာလိမ့်မယ် ဆိုတာကို ခများ ဘယ်လိုလုပ် ပြောနိုင်သလဲ! ''
'' သူမက ငါတို့ ပင်လယ်မျိုးနွယ်စု စုန်းမ မျိုးဆက်ထဲမှာ ဉာဏ်အရှိဆုံးပဲ။ ပြီးတော့ သူမက ငါတို့ပင်လယ် မျိုးနွယ်စု အသီးသီးကို စုဝေးခဲ့ ပြီးတော့ တည်ထောင်ခဲ့တယ်။ ဒါကြောင့် သူမပြောနေတာတွေ က အမှန်ပဲလို့ ငါ ယုံကြည်တယ် ''
တောင်တန်းတွေ လှုပ်ရှားမယ်?
ဘယ်လို မျိုးတောင်တွေက လှုပ်ရှားမလဲ ?
မီးတောင်ပေါက်ကွဲ သလိုလား ဒါမှမဟုတ် ငလျင်ကြီး လှုပ်သလိုလား?
တကယ်လို့သာ မီးတောင်ပေါက်ကွဲ မယ်ဆိုရင် သူမက တောင်တန်းလှုပ်ရှားမှု အစား သေချာပေါက် မီးတောင်ပေါက်ကွဲ မယ်လို့ တိုက်ရိုက်ပဲ ရေးထားမှာပေါ့။
သူမက တစ်ခြား ကမ္ဘာကို ကူးပြောင်းရောက်ရှိ လာချိန်မှာ ခန္တာကိုယ်က အပြောင်းအလဲ ဖြစ်ခဲ့ရင်တောင်မှပဲ သူမက ပင်လယ်မျိုးနွယ်စု ရဲ့ သတ်တမ်းပဲ နေခဲ့ရတယ်။ ဒါပေမယ့် ပင်လယ်လူတွေရဲ့ ဘဝ သက်တမ်း ကလည်း နှစ်ပေါင်း ၅၀၀ သာ ကြာခဲ့လေတယ်။
ESTÁS LEYENDO
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
De Todoအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...