(64. 1)
'' မျိုးနွယ်စု စုန်းမ ၊ ဒီနေရာမှာ အိပ်စရာ တစ်ကယ် မရှိတော့ဘူးလားဗျာ။ ငါလည်း ဒီနေရာမှာ အိပ်ချင်နေ သေးတယ်ဗျ ''
ပင်းက မဝ သေးပေ။ သူက သူ့ဝေစုကို ယူနေတုံး သူက ယန်မင်းကိုလည်း ဂရုစိုက်ပေး နေဆဲ ဖြစ်လေတယ်။ သူက ယန်မင်းတစ်ယောက် အခွံ ခွာနေတုံး လက်ရှ မိမှာကို စိုးရိမ်တဲ့ အတွက်ကြောင့် သူ့ဘေးကို ယန်မင်း အားခေါ်ထားကာ အခွံနွှာပေးရင်း စကားပြောလိုက်တာ ပဲ ဖြစ်လေတယ်။
'' ဒီနေရာမှာ မင်း အိပ်လို့ ရတဲ့ တစ်နေရာတော့ ရှိပါတယ် ''
ကလေးလေး ကို ပဲ ဂရုစိုက်နေတယ် ဆိုပေမယ့် ပင်းကိုလည်း မေ့ထားလို့ မရပါပေ။ ပင်လယ်မျိုးနွယ်စု စုန်းမ က ကို့ယို့ကားယား နဲ့ ရယ်မော လိုက်တယ်။ ပင်းက ပွင့်ပွင့်လင်းလင်း ဖြောင့်မတ်တဲ့ သားရဲ လူသား ပဲ ဖြစ်လေတယ်။
သူက စကားကို ရိုးရှင်းစွာနဲ့ တိုက်ရိုက်ပဲ ပြောတက်တဲ့ အတွက်ကြောင့် ပင်လယ်မျိုးနွယ်စု စုန်းမ က သဘောကျ လေတယ်။ ပိုပြီးတော့ အရေးကြီး တာက သူဟာ ချီဟန် ထက် အနည်းငယ်ပဲ နိမ့်ကျ ပုံပေါ်ကာ သူ့ဆီ ကနေ ချီဟန်ရဲ့ အကြောင်း သတင်းအချက် အလက်တွေ အများကြီး ရခဲ့သေးတယ်လေ။
'' မင်း တို့ ၃ ယောက် က ဒီနေရာမှာ အိပ်လိုက်၊ ဒီတစ်ခု က ပိုကြီးတယ်။ ''
ပင်လယ်မျိုးနွယ်စု စုန်းမ က သူကိုယ်တိုင် အိပ်ခန်း အနည်းငယ် ကို စီစဥ်ပေးခဲ့လေတယ်။
'' ခဏလေး နေအုံး။ ချန်းရှီးလေး ကို အိပ်ယာ အသေးလေး တစ်ခု ပေးမလို့။ သူမ နာမည်က ချန်းရှီး ဟုတ်ပါတယ်နော် ''
'' ဟုတ်ပါတယ် ''
သူက ' အိပ်ယာ ' လို့ ပြောလိုက်တာ ကို ချီဟန် ရှာတွေ့ သွားတော့ သူက အရမ်းပဲ အံ့သြ သွားလေတယ်။
အဲ့တာ က သူနားလည် ထားတဲ့ အိပ်ယာ များလား?
ချီဟန် တံခါးကို တွန်းဖွင့် လိုက်တဲ့ အခါ တကယ်ပဲ အထဲမှာ ကျယ်ဝန်းတဲ့ king size အိပ်ယာ ထပ် နှစ်ဆ လောက်ကြီးတဲ့ အိပ်ယာ ကို တွေ့လိုက်ရတယ်။
အဲ့တာက သူ့မှတ်ဉာဏ်ထဲ က အိပ်ယာထက်ကို ပိုပြီးတော့ ကြီးလေတယ်။ ဘာလို့လဲ ဆိုတော့ ဒီက သားရဲလူသား တွေရဲ့ အရပ်က အရမ်းမြင့်နေလို့ ပဲ ဖြစ်ရမယ်။
ESTÁS LEYENDO
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
De Todoအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...