(35. 2)
တုံရဲ့ အိမ်အပြင်ဘက်မှာ လူတွေ အများကြီးက စကားတပြောပြော နဲ့ လမ်းလျောက် လာစဥ်မှာပဲ အထဲကနေ ချီဟန်ရဲ့အသံကို ကြားလိုက်ကြရတယ်။
'' တုံ မြန်မြန်လေး လုပ် ကလေးလေး က စောင့်ရတာ စိတ်မရှည်တော့ဘူး ''
'' ဒီမှာ လာနေပါပြီ။ ခဏလေးပဲ စောင့်ပေးပါ။ မကြာခင်ရပါတော့မယ်''
တုံ က သဘောတူလိုက်တယ်။
'' အထဲမှာ ဘာတွေ ဖြစ်နေတာလဲ ငါမသိတော့ဘူး! ''
တုံးဟွား အဒေါ်က တံခါးခေါက်ကာ ပြောလိုက်တယ်။
'' ခေါင်းဆောင် ၊ မျိုးနွယ် စုစုန်းမ လာပြီးတော့ တံခါးလာဖွင့်ပေးအုံး။ ငါတို့ကို တစ်ခဏလောက် လာပြီး ဆော့ကစားခွင့် ပေးပါအုံး ''
'' ဟေး လာပြီလာပြီ။ တုံ ရေ တံခါးကို အရင်ဆုံး ဖွင့်ပေးလိုက်ပါအုံး''
'' ဝူး......ဝူး..... ''
ချန်ရှီးလေး က သက်တောင့် သက်သာ မရှိတာကြောင့် ငိုယိုဟန် ဆောင်လိုက်တယ်။
'' ဟေး မြန်မြန်လာတော့ ကလေးလေးက သူ့ရဲ့ ကတ်စတက်လေး စားချင်နေပြီ''
'' ဟော၊ ကျုပ်က ဘယ်ဟာကို အရင်ဆုံး လုပ်ပေး ရတော့မှာလဲ။ အရမ်းတွေ အလုပ်ရှုပ်နေပြီရယ် ''
တုံ က ကူကယ်ရာမဲ့စွာ ကြည့်လိုက် ပြီးတော့ တံခါးကို အရင်ဖွင့်ပေး လိုက်တယ်။
'' လာကြလေ။ ဝင်ခဲ့ကြ။ အထဲမှာ နွေးနေတယ် ''
'' ဘာတွေ ဖြစ်နေရတာလဲ။ ကလေးလေး က ဘာလုပ်ချင်လို့လဲ''
'' သူ မနေ့က ဥ နဲ့လုပ်နဲ့ ကတ်စတက် စားခဲ့ရတယ်လေ။ မနေ့က ဥတွေ ရလို့ ကျွန်တော် လုပ်ကျွေးခဲ့တာလေ။ အဲ့တာကို စားပြီးတာနဲ့ ဒီနေ့မနက်ကနေ အခုချိန်ထိ နို့အသီးစားဖို့ ငြင်းဆန်နေပြီးတော့ အဲ့တာ ကိုပဲ စားချင်နေတော့တာ ပဲ''
'' ဟားဟား ။ ချန်ရှီးလေး က အခုဆိုရင် အသားကင်တွေနဲ့ ခရမ်းရောင် အမြစ်ပြုတ် ကို စားလို့ရနေပြီလေ။ သူမလေး စားဖို့ဆို အနည်းငယ်လောက် ထပ်ပြီး ကြာကြာ ပိုချက်လိုက်။ ပြီးတာနဲ့ နည်းနည်း ချင်းစီ ကျွေး ''
STAI LEGGENDO
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Casualeအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...