(64. 2)
'' အိုး နောက်တစ်ခါ ကျရင် ငါကလေး မွေးလာပြီးတော့ ဒီနေရာကို ခေါ်လာအုံးမှာ။ သူက ချန်းရှီး ကြောင့်သာ ဒီနေရာမှာ နေခိုင်းခဲ့တာ။ အရင်တစ်ခေါက် က ဒီနေရာမှာ နေဖို့ ပြောတာ ကို သူက လုံး သဘောမတူ ဘူးလေ။ သူက ဒီလောက်ကြီးတဲ့ ပုလဲ ကိုတောင်မှ ကလေးကိုဆော့ဖို့ ပေးချင်နေသေးတယ်။ ''
'' ငါက တော့ ယန်မင်းရဲ့ ကိုယ် က ပိုပြီးတော့ ကောင်းသထက် ကောင်းလာပြီ လို့ ထင်တယ်။ မင်းတော့ ဒီနှစ်ဆောင်း ရာသီမှာ လှုပ်ရှားသင့်တယ်လို့ ငါထင်တယ်။ ''
လူတိုင်း စကားပြောနေကြစဥ် ယန်မင်း က တိတ်ဆိတ်နေခဲ့လေတယ်။ ထိုအချိန်မှာပဲ ယန်မင်းက သူတို့ ပြောစကား ကို ကြားလိုက်ရတဲ့ အတွက်ကြောင့် သူမက ပင်းရဲ့ လက်မောင်းကို လိမ်ဆွဲလိုက်တယ်။
ဒါဟာ ယန်မင်း အရမ်းကို ရှက်နေတယ် ဆိုတာ ကို ပင်း နားလည်လိုက်တယ်။ ပြီးတော့ သူ က ယန်မင်း ရဲ့ လက်ကလေးကို အသာလေး ဆုပ်ကိုင်လိုက်တယ်။
'' ဒါဆိုရင်လည်း ငါတို့ သွားအိပ်တော့မယ်။ မင်းတို့ရဲ့ ဘေး အခန်းမှာ ရှိနေမယ်နော် ''
'' ကောင်းပြီ ''
အခန်းထဲမှာ ပြတင်းပေါက် တွေ မရှိတဲ့ အပြင် အထဲက ကုတင်ဘေးမှာ တင်းနစ်ဘောလုံး အရွယ် ညလင်း ပုလဲ တစ်ချို့ကို တင်ထား ခဲ့လေတယ်။ အခန်းက မတောက်ပ နေသော်လည်းပဲ အကုန်လုံး မှောင်နေတာ ထပ်တော့ အဆင်ပြေ နေတယ်လေ။
အခန်းရဲ့ ထောင့်နားလေးမှာ သီးခြား ကန့်ထားတဲ့ အခန်းလေး တစ်ခု ရှိလေတယ်။ အဲ့တာက ရေချိုးခန်းတော့ မဟုတ်လောက်ဘူးနော်။ ချီဟန် က အဲ့နေရာကို အိပ်ပျော်နေစဥ် လမ်းလျောက် တဲ့ သူလိုမျိုး အဲ့နားလေး ကို လာကာ တံခါးကို ဖွင့်လိုက်လေတယ်။
အဲ့တာက တကယ်ကြီးကို ရေချိုးခန်း ဖြစ်ပြီးတော့ အိမ်သာ ကိုပါတွဲလျက် ပါနေလေတယ်။
ချီဟန်က တကယ့်ကို အံ့သြ သွားပြီးတော့ ပျော်ရွှင် သွားခဲ့တယ်။ ဒီကမ္ဘာမှာတော့ တံခါးအတွင်းပိုင်း က အိမ်သာ ကို တွေ့ဖို့ အခွင့်အရေး တစ်ခု ရခဲ့လေတယ်။
VOCÊ ESTÁ LENDO
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Diversosအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...