(68. 2)
ချီဟန်က မူးဝေ စွာလဲ နေမိတယ်။ သားပေါက်လေး တစ်ကောင်ကို သူသယ်ဆောင် ထားမိပြီ ဆိုတာကို သိလိုက်ရတော့ သူ့ကို မိုးကြိုး နဲ့ ပစ်ချ ခံလိုက်ရသလိုပါပဲ။
သူ့မှာ သားပေါက်လေး ဘယ်လိုလုပ်ရှိလာ ရတာလဲ?
သူ့မှာ ဘာကြောင့် ကလေး ရနိုင်ရတာလဲ?
သူက ယောကျာ်း တစ်ယောက် လေ။
ဖြစ်နိုင်တာက သူက တစ်ခြား ကမ္ဘာ ကို ကူးပြောင်းလာပြီးတော့ သူ့ရဲ့ ကိုယ် ကပါ ပြောင်းလဲ သွားတာလား?
ဒါမှမဟုတ် ကိုယ်ဝန်ဆောင် အသီးလို့ ခေါ်တဲ့ ဟာကြောင့် များလား။
ဒါက တကယ့်ကို အံ့သြ စရာပဲ!
လူတိုင်းက ကြောင်အ နေတဲ့ အမျိုးသားလေးကို ကြည့်လိုက်ကြ ပြီးတော့ ပြောစရာတောင် မလိုပဲ သိနေကာ အပြင်ကို အတူတူ အကုန်လုံး ပြန်ထွက်လာကြတော့တယ်။ အဒေါ်တုံးဟွား ကတော့ ချန်းရှီးလေး ကို ကောက်ချီ လိုက်ပြီးတော့ သူမ ကို ဂရုစိုက် ပေးဖို့ ခေါ်သွားခဲ့တယ်။
သူတို့ ကြောက်မိတာ က အနာဂတ်မှာ ချန်းရှီးလေး ကို အကြာကြီး ဂရုစိုက်ရတော့မှာ ပဲ!
ဒါပေါ့ သူမနဲ့ ဝေ့ဆီယာ က ဒီအတွက် အလွန်အမင်းကို ပျော်ရွှင်နေကြလေတယ်။
'' သမီး မေမေ က ဘာဖြစ်တာလဲ? ''
'' မင်း မေမေ ရဲ့ ဗိုက်ထဲမှာ ကလေးလေး ရှိနေတာလေ။ မင်းမှာ နောက်ကျရင် ညီလေး ဒါမှမဟုတ် ညီမလေး ရလာတော့မှာ။ မင်းပျော်ရဲ့လား? ''
'' အိုး ၊ သမီး ရဲ့ မောင်လေး နဲ့ ညီမလေး တို့ကို မမြင်ခဲ့ရဘူး။ သမီး သူတို့ကို အခုသွား ကြည့်ချင်တယ်။ အခု သွားကြည့်ချင်တယ်။ ''
ချန်းရှီး က သူမရဲ့ အကြိုက်ဆုံး ရတနာ ကျိုင်း အသေးလေးကို ကိုင်ကာ အဒေါ် တုံးဟွားလက်ထဲ ကနေ ရုန်းကန်နေခဲ့တယ်။ အဒေါ်တုံးဟွား က သူမကို လွှတ်မပေးပဲ ကောင်းစွာ ပွေ့ထား ခဲ့လေတယ်။
'' သူတို့တွေက အခုထိ မမွေးလာသေးဘူးလေ။ ညီလေး နဲ့ ညီမလေး တို့က ဒီနှစ်ဆောင်း ရောက်တော့မှ မွေးလာမှာလေ''
ESTÁS LEYENDO
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
De Todoအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...