အပိုင်း (75. 2)

997 101 6
                                    

(75. 2)

ရှန့်ကွမ်း တိုက်ကို သွားရမယ့် သားရဲလူသားတွေကို ရွေးပြီးသွားတဲ့နောက် လူတိုင်းက စတင်ပြီးတော့ တံခါးပေါက် ပိတ်ဖို့ ဖွင့်ဖို့ ကို လိုက်ရှာ ကြလေတယ်။
သားပေါက်လေး က အဲ့ထဲ ကနေ ထွက်လာတယ် ဆိုကတည်း က ထိုနေရာမှာ ပိတ်လို့ ဖွင့်လို့ ရတဲ့ တံခါး ရှိရမှာ အမှန်ပဲ။ ချီဟန် က ထိုတံခါးကို သေချာလေး ထပ်စစ်ဆေး ကြည့်လေတယ်။

ကျောက်ပြားရဲ့ မျက်နှာက အတော်လေး ကို ပြားပြီးတော့ သားပေါက်လေး က အဲ့ထဲ ကနေ ထွက်လာနိုင်တယ်။ ဒါကြောင့် ထိုနေရာရဲ့ အနေအထား က အရမ်းကို မြင့်လောက်မှာ မဟုတ်ပေ။

ချီဟန် က ယို့ကို ကျောက်ပြား ရှေ့မှာရပ်ခိုင်း ပြီးတော့ သူ့အရပ် နဲ့ ညီတဲ့ နေရာတွေမှာ လိုက်ရှာ နေခဲ့လေတယ်။ ပြီးတော့ သူ့လက်နဲ့ တစ်ခု ပြီးတစ်ခု လိုက်စမ်းနေခဲ့လေတယ်။

သေချာပေါက်ပါပဲ။ ချီဟန်က အဲ့ပေါ်မှာ ထွက်နေတဲ့ ကျောက်တုံး အသေးလေး ကို နှိပ်မိ လိုက်လေတယ်။ တံခါးက အရမ်းကို ပေါ့ပါးလေတယ်။ အဲ့တာက ကျောက်ပြား ထဲမှာ နစ်မြုပ်လု နီးပါး ဖြစ်နေပေမယ့် အလယ်က ကျောက်တုံး အသေးလေးကို မနှိပ်ရင် တံခါး က လုံးဝ ကို ရွေ့မှာ မဟုတ်ပါပေ။

လူတိုင်းက အဲ့ကျောက်တုံးလေးကို ဝိုင်းဖိ လိုက်တဲ့ အခါ အလယ်က တဖြေးဖြေးနဲ့ ပွင့်သွားလေတယ်။ တံခါး က တကယ့်ကို ကောင်းမွန်လေတယ်။ ရှေးခေတ်က လူတွေ ဘယ်လိုမျိုး လုပ်သလဲ ဆိုတာကိုတော့ သူလဲ မသိတော့ပေ။ တံခါးက မီတာဝက်လောက် ထူလေတယ်။ အဲ့တာက ပြန်ပြီးတော့ ပိတ်ကျ သွားလေတယ်။

သားရဲလူသားငယ်လေးက ထွက်လာပြီးတဲ့နောက် ဒီတံခါးကို မဖွင့်နိုင်တာ က အံ့သြ စရာတော့ မဟုတ်တော့ ပါပေ။ အဲ့တံခါးပေါ်က အဖုလေးကို မလှည့်ထားရင် အဲ့တာက လည်ပြီးတော့ ပြန်ပိတ်သွားမှာ ပဲ ဖြစ်လေတယ်။

ခလုတ်ကို ရှာတွေ့ပြီးတဲ့ အတွက်ကြောင့် လူတိုင်းက ပြင်ဆင်မှု တွေ စတင် လုပ်ဆောင်တော့တယ်။ တစ်ခြားဖက်က အချိန်က အခုမှာ စစ်ပွဲ ဖြစ်နေတဲ့ အတွက်ကြောင့် သူတို့ရဲ့ ချည်သား အဝတ်ထဲမှာ ရိုးရှင်းတဲ့ ချပ်ဝတ် တွေကို ဝင်ဆင်ထားခဲ့လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Donde viven las historias. Descúbrelo ahora