အပိုင်း (75. 1)

935 78 2
                                    

(75. 1)

''ဒါ့ဂါ ရှင် က ကောင်းကင်မြွေမျိုးနွယ် က သားရဲလူသားလား? ''

ချန်းရှီး က ကောင်းကင်မြွေ မျိုးနွယ် အပေါ်မှာ အမြင်ကောင်းရော အမြင်ဆိုးပါ မရှိပေမယ့် လူတိုင်းရဲ့ ကျောက်ရုပ် ဖြစ်သွားတဲ့ အမူအရာတွေ ကို မြင်လိုက်ရတဲ့ အခါ ကောင်းကင်မြွေ မျိုးနွယ် က နှစ်လိုဖွယ်ကောင်းတဲ့ မျိုးနွယ် တစ်ခု မဟုတ်မှန်း သူမ သိလေတယ်။

ချန်းရှီးရဲ့ မေးခွန်း က ဒါ့ဂါ ကို အလန့်တကြား ဖြစ်စေတယ်။ သူက ဒူးတစ်ဖက် ထောက်ချ ပြီးတော့ ချန်းရှီး လေးရဲ့ လက်ကို ကိုင်ကာ ပြောလိုက်တယ်။

'' ဟုတ်ပါတယ်။ ကိုယ်က ကောင်းကင်မြွေမျိုးနွယ် က သားရဲလူသားပါ။ ဒါပေမယ့် ကိုယ်က လူဆိုး မဟုတ်ပါဘူး ကွာ။ ကောင်းကင်မြွေမျိုးနွယ် ဆိုတာ အဖွဲ့အစည်း တစ်ခုပါ။ သူတို့က ကိုယ့်ကို ကိုယ်စား မပြုပါဘူး။ ချန်းရှီး ကိုယ် က ဘယ်မျိုးနွယ် ကပဲ ဖြစ်နေ ပါစေ မင်း အတွက် ကိုယ့် နှလုံးသား က အရမ်းကို စစ်မှန်ပါတယ်။ မင်းကို ကိုယ် ပထမ ဆုံး မြင်လိုက်ရတဲ့ အချိန်ကတည်းက မင်းရဲ့ သွင်ပြင်နဲ့ မင်းလက်ဖဝါးလေးက အပူချိန် တွေက ကိုယ့်နှလုံးသား ထဲမှာ နက်ရှိုင်းစွာ တံဆိပ် ခပ်နှိပ် ထားပြီးသားပါ။ မင်းလေး ကြောင့်ပဲ ကိုယ့်ရဲ့ မပြောင်းလဲ နိုင်တဲ့ အခြေအနေ က နေ ချိုးဖောက်နိုင် ခဲ့တာပါ။ ချန်းရှီး မင်း ကိုယ့်ကို စောင့်နေပေး နိုင်မလား?  ကိုယ် ပြန်လာပြီး မင်းနဲ့ အတူ ရှိမယ့် အချိန်ထိ စောင့်ပေးလို့ ရနိုင်မလား? ''

ချန်းရှီးက နှုတ်ခမ်းဆူပြီးနောက် ပြုံးလိုက်တော့တယ်။ ဒီလောက် ခွန်အားကြီး ၊ ချောမောပြီး ခန့်ညား ချိုမြိန်တဲ့ သားရဲလူသား က သူမ အပိုင်ပါ။ သူတို့ ပထမဆုံး တွေ့တဲ့ အချိန်ကတည်း က သူဟာ သူမရဲ့ အပိုင် ဖြစ်နေခဲ့တာပါ။

ချန်းရှီး သိတက်စ အရွယ် ကတည်း က ဒါ့ဂါဟာ သူမဘေး နားမှာ အမြဲ ရှိနေ ခဲ့တာ ဖြစ်ပြီးတော့ သူမကို များစွာသော မနာလိုမှု ၊ အားကျမှု တွေ ပါတဲ့ မျက်လုံးတွေ နဲ့ အကြည့်ခံ ခဲ့ ရပြီးတော့ သူမကလည်း ဒါကို အရမ်း သဘောကျ နေခဲ့တယ်လေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Donde viven las historias. Descúbrelo ahora