Unicode
ကားလမ်းမကျယ်ကြီးပေါ်မှာကလေးငယ်တစ်ယောက်ဖိနပ်မပါပဲပြေးလွှားလို့နေသည်။
"အီး..ဟီး...ဟီး..ကြောက်တယ် မေမေရေ ကယ်ပါဦး... ဟီး...ဟီး..ဟီး..."
ကားမှတ်တိုင်တစ်နေရာရောက်တော့ထိုကလေးလေးလည်းအမောဖြေရန် ဝင်ထိုင်လိုက်သည်။
အချိန်အားဖြင့်ည12နာရီထိုးနေပြီဖြစ်၍ လူသူလည်းပျက်လို့နေပြီး အသွားအလာလည်းသိပ်မရှိကြတော့။
ထိုကလေးလေးလည်းကြောက်၍ ကားမှတ်တိုင်လေးမှာထိုင်ကာ ငိုနေတော့သည်။
"ဟင့်...ဟင့်...မေမေရေ သားသားကိုကယ်ပါဦး သားသားကြောက်တယ်..အီး...ဟီး...ဟီး..ဟီး.."
ထိုစဥ်
ကားမဲလေးတစ်စီးလည်းထိုလမ်းမကျယ်ကြီးပေါ်အရှိန်နဲ့မောင်းနှင်လို့လာသည်။
"Jack..မြန်မြန်မောင်းကွာ ငါအရမ်းပင်ပန်းလို့နားချင်နေပြီ..."
"ဟုတ်ကဲ့ပါဆရာ..."
Jungkookတစ်ယောက် အစည်းအဝေးရှိ၍ အိမ်ပြန်နောက်ကြလို့နေသည်။
ကားနောက်ခန်းကနေ အိပ်ချင်ပြေ ဟိုကြည့်ဒီ
ကြည့်လိုက်ကြည့်နေရင်း ကားမှတ်တိုင်တစ်ခုမှာအဝတ်အစားအပြဲလေးနှင့်ဖိနပ်မပါပဲ ထိုင်ငိုနေသည့်ကလေးလေးတစ်ယောက်ကိုတွေ့သွားသည်။"ဟင်..."
"Jack ကားရပ်လိုက်စမ်း..."
Jungkookလည်း သူ့တပည့်ကို ကားရပ်ဖို့အမိန့်ပေးလိုက်သည်။
"ဆရာ ဘာဖြစ်လို့လဲ.."
Jackလည်းJungkookကားရပ်ခိုင်း၍ ထိုးရပ်လိုက်သည်။
Jungkookတစ်ယောက် ကားရပ်တယ်ဆိုရင်ဖြင့် သူ့တပည့်စကားကိုပြန်မဖြေ ကားတံခါးဖွင့်ကာ ကလေးလေးရှိရာစီဆင်းသွားတော့သည်။
"ကလေး ဘာလို့ ဒီမှာတစ်ယောက်ထဲထိုင်ငိုနေတာလဲ မိဘတွေရော မပါဘူးလား.."
Jungkookမေးတော့ထိုကလေးလေးလည်းJungkookကိုမျက်လုံးဝိုင်းလေးတွေနဲ့မော့ကြည့်နေတော့သည်။
"ကလေး ဦးဦးမေးတာဖြေလေ တစ်ယောက်ထဲဘာလို့ထိုင်ငိုနေတာလဲလို့ ကလေးမိဘတွေရော ဘယ်မှာလဲ.."