Unicode
Kim Taehyung နင်လည်း ငါဘဝပျက်သလို ပျက်စေရမယ်...ငါမပိုင်ဆိုင်တဲ့ အရာကို နင်လည်းမပိုင်စေရဘူး...
Hannaတစ်ယောက် စိတ်ထဲက ကျိန်းဝါးကာ ပြောလိုက်သည်။
"သမီး ဘာလုပ်နေတာလည်း..."
"ဘာမှ မလုပ်ပါဘူး အဖေ ဟိုကောင့်အကြောင်းစဥ်းစားနေတာ..."
"ဘာတွေများစဥ်းစားစရာရှိလို့လည်းမသိရယ်...စဥ်းစားမနေပါနဲ့ အဖေအကြံတစ်ခုရထားတယ်..."
"ဘာအကြံလည်းအဖေ..."
"ထယ်ယောင်းကို အပြင်ခေါ်ထုတ်နိုင်မဲ့ အကြံလေ..."
"အဖေက ဘယ်လို ကြံထားလို့လည်း..."
"ဒီလိုလေ သမီးရယ် ထယ်ယောင်းက ဒီအတိုင်းဆို အဖေတို့ခေါ်ရင်လာမှာမဟုတ်ဘူး...ဟိုကောင်မကို ခုတုံးလုပ်ပြီး ခေါ်ထုတ်ကြမယ်...သမီးက ထယ်ယောင်းကျောင်းကိုလိုက်သွားပြီး အဲ့ကောင်မအသဲအသန်ဖြစ်နေတယ်လို့ ပြောပြီးခေါ်လာခဲ့ သူ့အမေအသဲအသန်ဖြစ်နေတယ်ဆိုရင် သူလည်း ဘာမှစဥ်းစားမှာမဟုတ်ဘူး လိုက်လာမှာပဲ..."
သူ့အဖေပေးတဲ့ အကြံအစီကို Hannaတစ်ယောက်သဘောကျသွားသည်။
"ကောင်းတယ် အဖေ... အဖေပေးတဲ့အကြံမဆိုးဘူး သမီးသူ့ကို အဲ့လိုပြောပြီး ခေါ်ထုတ်ခဲ့မယ်..."
ထိုစဥ်
"နင်တို့ ငါ့သားကို ဘာတွေကြံစီကျမလို့လည်း နင်တို့ပြောတာ ငါအကုန်ကြားတယ်နော်..."
ထယ်ယောင်းအမေမှာ Hannaတို့သားအဖပြောတာတွေကြားပြီး ဒေါသထွက်ကာ ပြောတော့သည်။
"ကျွန်မတို့က ဘာကြံရမှာလည်း..."
"နင်တို့ ငါ့သားကို ခေါ်ထုတ်မယ်လို့ ပြောနေကျတာလေ ငါ့သားကိုခေါ်ထုတ်ပြီး နင်တို့က ဘာလုပ်မလို့လည်း...မဖြစ်ဘူး သူဌေးဂျွန်စီဖုန်းဆက်ရမယ်...နင်တို့ကြံစီနေတာကို သူဌေးဂျွန်ကို အသိပေးမှ ဖြစ်မယ်..."
ထယ်ယောင်းအမေမှာ ဂျောင်ဂုစီဖုန်းဆက်ဖို့ လုပ်တော့ Hannaတို့သားအဖမှာ အထိတ်ထိတ်အပြာပြာဖြစ်ပြီး ထယ်ယောင်းအမေရဲ့ဖုန်းကိုဆွဲလုတော့သည်။