Part-19

1.7K 80 15
                                    

Unicode

Daddy ငါ့အပေါ် ရက်စက်တဲ့အတွက် ငါလည်း Daddyအပေါ်ပြန် ရက်စက်ပြမယ်.....

Taehyungတစ်ယောက်အံကိုတင်းတင်းကျိတ်ကာ စိတ်ထဲက ကျိန်းဝါးလိုက်သည်။

Jungkookပြန်ရောက်လာတော့ Taehyungက စာကျတ်နေတုန်းဖြစ်သည်။

"Baby စာတွေကျတ်နေတာလား..."

Jungkookအမေး တော့ Taehyungမှာ မဖြေချင်ဖြေချင်နဲ့ ဖြေလိုက်သည်။

"အင်း..."

"ဟုတ်ပါပြီဗျာ...Baby စာကျတ်ဦးနော် Daddy ရေသွားချိူးဦးမယ်..."

"အင်း..."

Jungkookထွက်သွားမှ Taehyungသက်ပျင်းချလိုက်သည်။စိတ်ထဲကလည်း....

"Daddyကိုမုန်းတယ်...Babyကို လိမ်ညာတဲ့ Daddyကို Babyအရမ်းမုန်းတယ်...Daddyအလိုကြနေလာပေးတဲ့ Babyကို လှည့်စားပြီး အမHannaကို ရွေးချယ်တဲ့ Daddyကို Babyကောင်းကောင်းကြီး ကလဲ့စားချေပြမယ်..."

Taehyungမှာ တွေးရင်းအံတကျိတ်ကျိတ်ဖြစ်လာတော့သည်။

"Baby မအိပ်သေးဘူးလား ညနက်နေပြီလေ အိပ်ကြရအောင်..."

"Babyစာမရသေးဘူး ...Daddyအရင်အိပ်လိုက်ပါ..."

Taehyung Jungkookကို တိုတိုပျက်ပျက်ပဲ ပြန်ဖြေလိုက်သည်။

"အင်းပါ ဒါဆိုလည်း Daddyအရင်အိပ်တော့မယ်နော် ရုံးမှာတနေ့ကုန်ပင်ပန်းလာလို့..."

!ဟက်...တစ်နေကုန်ပင်ပန်းနေမှာပေါ့ အမHannaနဲ့ ပလူးပလဲ လုပ်နေရတာကို...!

"အင်း အဲ့ဒါဆိုလည်း Daddyသွားအိပ်လိုက်ပါ Babyစာကျတ်ဦးမယ်..."

Taehyung Jungkookကို လှည့်မကြည့်ပဲ ပြန်ဖြေလိုက်သည်။

Jungkookတစ်ယောက်သူ့အပေါ် စိမ်းကားနေတဲ့ Taehyugကို သတိထားမိကာ စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ ဒါပင်မဲ့ Taehyungကို ဘာမှတော့ မပြောသေး.:.

Taehyung တစ်ညလုံးအိပ်မပျော် စာကြည့်ခန်းထဲမှာပဲ အချိန်ဖြုန်းပစ်လိုက်သည်။

မနက်မိုးလင်းတော့ Jungkookမနိုးခင်အစောကြီးထကာ မျက်နှာသစ်သန့်စင်ပြီး ကျောင်းကိုတစ်ယောက်ထဲ ထွက်လာခဲ့လိုက်သည်။ ကျောင်းကိုအစောကြီးရောက်နေ၍ ထယ်ယောင်းလည်း စာကြည့်တိုက်ဖက် သွားကာ စာထိုင်ဖက်နေလိုက်သည်။ သူစာထိုင်ဖတ်နေရင်းခဏအကြာ သူ့နားကို ကောင်လေးတစ်ယောက်ရောက်လာကာ နှင်းဆီပန်းလေးတစ်ပွင့် လာပေးသည်။

𝗗𝗮𝗱𝗱𝘆'𝘀  𝗕𝗮𝗯𝘆Where stories live. Discover now