Part-12

1.5K 72 4
                                    

Unicode

"သမီးရယ် သူဌေးJeonနဲ့ မြန်မြန်နီးစပ်အောင်လုပ်စမ်းပါ...အဖေ ဟိုကောင်မကိုတော်တော်လေး အမြင်ကပ်နေပြီ..."

"သမီးလည်းမြန်မြန် နီးစပ်ချင်တာပေါ့အဖေရယ် ဒါပင်မဲ့ သူဌေးJeonနဲ့ နီးစပ်အောင်လုပ်ဖို့က မလွယ်ဘူး အဖေရဲ့ တော်တော်ကြိုးစားရမှာ..."

"အဖေကူညီဖို့ လိုအပ်တာရှိရင်လည်းပြော အဖေသမီးကိုကူညီပေးမယ်..."

"အခုတော့ မလိုအပ်သေးပါဘူး အဖေရယ် လိုအပ်တဲ့အခါကြမှ သမီးအဖေ့ကို ပြောမယ်..."

"အေးပါသမီးရယ် အဖေလေ ဟိုကောင်မကိုတော်တော်လေး ကြည့်မရတော့ဘူး သူ့သားစီက ပိုက်ဆံတွေရလာတယ်ဆိုပြီး အဖေ့ကိုကြွားဝါနေတာ သူ့အလုပ်တွေလည်းအဖေ့မှာ အကုန်လိုက်လုပ်ပေးနေရတယ် ကြာတော့ အဖေလည်း ​ကိုယ့်ကို ကို သိမ်ငယ်လာပြီ..."

"အင်းပါ အဖေရယ် ခဏပဲစောင့်ပါ သမီးသူဌေးJeonနဲ့ နီးစပ်အောင်လုပ်ပြီး အဲ့သားအမိကို လမ်းဘေးရောက်အောင်လုပ်ပေးပါ့မယ်..."

"အင်းပါသမီးရယ် အဖေသမီးကိုပဲအားကိုးပါတယ်...."

#####

"Taehyung ငါတို့တွေ ဒီနေ့ လျှောက်လည်ရအောင်..."

"မလည်ချင်ပါဘူး Daddyသိရင်ဆူလိုက်မယ်..."

"မင်းကလည်း အဘိုးကြီးကို ရထားပြီး အဘိုးကြီးစတိုင်ဖမ်းနေတယ် လူငယ်ပဲ ပျော်ပျော်ပါးပါးလျှောက်သွားရင်း နေရမှာပေါ့ အခုတော့ မင်းမှာ လူငယ်ဖြစ်ပြီး ဘယ်မှလည်းမသွားမလာနဲ့ မင်းလင်အဘိုးကြီးနားပဲကပ်နေတယ်..."

Hoseokအပြောကြောင့် Taehyungမှာရယ်တော့သည်။

"Hoseokရယ် ငါက အဘိုးကြီးစတိုင်ဖမ်းတာမဟုတ်ပါဘူး ....ငါ့Daddyက အဲ့လိုအပြင်တွေလျှောက်သွားတာမကြိုက်လို့ မသွားတာပါ ပြီးတော့ အခုက Daddyမရှိဘူးလေ သူမရှိတဲ့အချိန် ငါကအပြင်လျှောက်သွားနေလို့ဘယ်ဖြစ်ပါ့မလည်း... "

"အမလေး ကြီးကြီးကျယ်ကျယ်နဲ့ မလိုက်လည်းနေ Jimin မင်းလိုက်မယ်မှတ်လား..."

"ငါလည်းမလိုက်တော့ဘူး Hoseokရယ် ဦးလေးပြန်လာလို့ ငါအပြင်တွေလျှောက်သွားတာသိရင် ငါပဲအဆူခံရမှာ..."

𝗗𝗮𝗱𝗱𝘆'𝘀  𝗕𝗮𝗯𝘆Where stories live. Discover now