Unicode
"Daddy Babyကို မုန့်ဖိုးလေးနည်းနည်းလောက်ပေးပါလား..."
Taehyungမုန့်ဖိုးတောင်းနေ၍ Jungkook Taehyungကို အံ့သြတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
"Baby...Babyကို Daddyပေးထားတဲ့မုန့်ဖိုးတွေကုန်ပြီလား...Daddyပေးထားတဲ့မုန့်ဖိုးက နည်းတာမဟုတ်ဘူးနော်..."
"ဟို...Baby အသုံးလိုလို့ သုံးလိုက်မိတယ် Daddy..."
Taehyungအသုံးလိုတယ်ပြော၍ Jungkookပို၍ အံ့သြသွားသည်။ Babyလိုသမျှသူအားလုံးဖြည့်စည်းပေးနေတာဖြစ်သည့်အတွက် သူပေးတဲ့မုန့်ဖိုးဟာလည်း Babyကျောင်းမှာမုန့်စားဖို့သက်သက်သာဖြစ်သည်။မုန့်စားယုံလောက်နဲ့ သူပေးတဲ့မုန့်ဖိုးဟာမကုန်နိုင်ပါ။
"Babyက ဘယ်နေရာတွေအသုံးလိုတာလည်း Babyလိုတာမှန်သမျှ Daddyအားလုံးဝယ်ပေးနေတာပဲ..."
"ဟိုအဲ့ဒါက... "
Taehyungလည်းပါးစပ်ထဲရှိတာလျှောက်ပြောလိုက်သည်။
"ဟို...Jiminကိုချေးထားလို့... "
"ဘာJiminကိုချေးထားလို့ဟုတ်လား..."
"ဟုတ်တယ် Daddy Babyက Daddyဆူမှာဆိုးလို့ အမှန်အတိုင်းမပြောပြတာ..."
"တကယ်ပဲ Jiminချေးထားတာလား..."
"ဟုတ်Daddy..."
"ဒါဆိုလည်း Babyအတွက်မုန့်ဖိုး Daddyပေးလိုက်မယ်...နောက်ကို အဲ့လိုမျိုး သူများတွေကိုလျှောက်မချေးနဲ့နော် Daddyမကြိုက်ဘူး..."
"ဟုတ်Daddy.."
Jungkook Taehyungကို မုန့်ဖိုးထုတ်ပေးလိုက်သည်။ မုန့်ဖိုးထုတ်ပေးလိုက်ပင်မဲ့ Taehyungပြောတာတွေကိုတော့ သိပ်မယုံချင် Jiminချေးတယ်ပြော၍ ပို၍တောင် မယုံကြည်ချင်ပါ၊
###
"Davic ငါခရီးသွားနေတုန်း မင်း Babyကိုသေချာစောင့်ကြည့်ထားရဲ့လား..."
"ဟုတ်ဆရာ ကျွန်တော် သခင်လေးကိုသေချာစောင့်ကြည့်ထားပါတယ်..."
"Babyစီမှာ မူမမှန်တာတွေဘာတွေ တွေ့သေးလား.."
"မတွေ့ပါဘူး ဆရာ သခင်လေးက ဒီတိုင်းပါပဲ..."
"မင်းငါ့ကို လိမ်နေတာတော့မဟုတ်ပါဘူးနော်..."
"မလိမ်ပါဘူး ဆရာရယ် ကျွန်တော် အမှန်အတိုင်းပြောတာပါ..."