Unicode
"Jimin ဦးလေးကို ဒီစာရင်းလေး ဝိုင်းလုပ်ပေးပါလား ဦးလေး မအားလို့..."
ဂိမ်းဆော့နေတဲ့ Jiminကို ဦးလေးဖြစ်သူ Seokjinမှ စာရင်းကူလုပ်ဖို့ အကူအညီတောင်း လိုက်သည်။
"ဟား...ဦးလေးကလည်း မလုပ်ချင်ပါဘူး.."
"လုပ်ပါကွာ ငါတကယ်မအားလို့ပါ ဘယ်လောက်မှလည်းမများပါဘူး..."
"ကျွန်တော် ဒီမှာ ဂိမ်းဆော့လို့မှ မပြီးသေးတာဦးလေးရယ်..."
"အော် အဲ့ဂိမ်းကအရေးကြီးသလား ငါ့စာရင်းကအရေးကြီးသလား..."
"ဂိမ်းက အရေးကြီးတယ်..."
Seokjin Jiminစကားကြားတော့ ထထုတော့သည်။
"အင်းဟယ် ၊ အဲ့မှာ ဂိမ်းအရေးကြီးဦး မင်းအဲ့လိုလုပ်နေရင် ငါအဲ့ဂိမ်းစက်တွေ အကုန်ဖြတ်စီးပြစ်မယ်ကြည့်နေ .."
"ဦးလေးတို့ကလည်း ဘာမှန်းမသိဘူး စာရင်းလုပ်တာ ရုံးမှာထဲက အပြီးလုပ်လာပါလား အိမ်ပြန်လာလည်း အေးဆေးမနေဘူး ဟိုစာရင်းလုပ်လိုက်ဒီစာရင်းလုပ်လိုက်နဲ့ ဦးလေးလုပ်တာက အကြောင်းမဟုတ်ဘူး ကြားထဲက ကျွန်တော်ကပါ အစစ်ပါသေးတယ်..."
"ဒီကောင်ကြည့်စမ်း မွေးရကျိုးတော်တော်နပ်တယ် အေး ငါဒီစာရင်းတွေလုပ်နေလို့ မင်းထမင်းစားနေရတာလေ ၊ အဲ့ဂိမ်းက မင်းကို ထမင်းကျွေးနေလို့လား..."
"ဦးလေးတို့က ပြောလိုက်ရင် အဲ့တိုင်းကြီးပဲ ကိုယ့်ကိစ္စ ကိုယ်တစ်ခါထဲ ပြီးပျက်အောင် လုပ်မလာဘူး ပြီးရင် ဟိုလူလျှောက်မဲ ဒီလူလျှောက်မဲနဲ့ နေစရာကို နေရာမရှိဘူး..."
"အမလေး နေစရာ နေရာမရှိလို့တော်သေးတယ်၊ အမေကျော်ဒွေးတော်လွမ်းတဲ့အကောင် ဘာမဟုတ်တဲ့ Yoongiကိုကြတော့ စာရင်းတွေသွားလုပ်ပေးတာ အိမ်ကဦးလေးကြတော့ ခိုင်းလို့ကိုမရဘူး တော်တော်တရားကျဖို့ကောင်းတယ်..."
"လာပြန်ပြီ ဦးလေးရယ် ကျွန်တော် တစ်ခါလေးပဲ ဦးMinကို စာရင်းလုပ်ပေးဖူးတာပါ... အဲ့ဒါကို ဦးလေးမှာ ပြောလို့မဆုံးနိုင်ဘူး..."
"အော် ငါ့ကိုကြ အဲ့လိုတစ်ခါတောင် လုပ်ပေးဖူးလို့လား....စောက်ကလေးရဲ့..."