Unicode
"မင်း သားနဲ့က ဘယ်တော့ အဆက်အသွယ်ရမှာလည်း အခုချိန်ထိ ဆက်သွယ်လို့မရသေးဘူးလား..."
"မရသေးလို့ပေါ့ရှင် ရမှတော့ ကျွန်မအခုလိုနေမလား..."
"မင်း သားကို မင်း လိုက်ချောင်းနေတာဘယ်လောက်ကြာပြီလည်း အခုချိန်ထိကို ဆက်သွယ်လို့ မရဘူးဆိုတော့ မင်း အသုံးမကြလို့ပေါ့..."
"အိုး...တော်ယုံတွေ့လို့ ရမယ်များထင်နေလား သူဌေးဂျွန်က သားနားမှာ တဝဲလည်လည်နဲ့ အိမ်လည်းသွားတွေ့လို့ရတာမဟုတ်ဘူး...ကျောင်းမှာလည်း လူက လစ်တာမဟုတ်ဘူး သူဌေးဂျွန်လာကြိုရင်ကြို မကြိုရင် သူဌေးဂျွန်တပည့်တွေကလာကြိုတာ ကျွန်မတွေ့ချိန် ဘယ်လိုလုပ်ရမှာလည်း..."
"မြန်မြန် ဆက်သွယ်လို့ ရအောင် လုပ်ကွာ အဲ့ဒါမှ ငါတို့လည်း ချောင်လည်မှာ....သမီးကလည်း ဘာမှအားကိုးလို့မရ သူရှာတဲ့ပိုက်ဆံ သူသုံးတာနဲ့တောင်မလောက်ဘူး ၊ မင်းကလည်း အသက်ရနေပြီ မင်းကို လူတွေက သိပ်သုံးတော့တာမဟုတ်ဘူး..."
"အမလေး ကျွန်မကိုများ အသက်ကြီးပြီလေး ဘာလေးနဲ့ အခု ရှင့်ကို အဲ့အသက်ကြီးတဲ့ ကျွန်မကပဲ ရှာကျွေးနေတာလေ ....ကျွန်မသာ ရှာမကျွေးရင် ရှင်ငတ်သေနေတာကြာပြီ...."
"အမ်....ငါက အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူးကွာ....ရှေ့လျှောက် မင်းအသက်အရွယ်ရလာရင် မင်းကို လူတွေမသုံးတော့မှာ ဆိုးလို့ပါ...."
"ကျွန်မ အတွက်မပူနဲ့ ရှင့်အတွက်သာ ရှင်ပူ ကျွန်မက ကျွန်မအစီအစဥ်နဲ့ ကျွန်မ ရှိပြီးသား ဒီထက် အသက်ကြီးသွားလည်းပူစရာမလိုဘူး၊ ရှင်သာ အသုံးမကြတဲ့ သမီးကို မွေးထားလို့ ရှင်အတွက်ရှင်ပူရမှာ...."
Taehyungပထွေးမှာ Taehyungအမေစကားကြောင့် အသံတိတ်သွားသည်။ သူကလည်း ဘာမှ စွမ်းဆောင်နိုင်တဲ့ အင်အားမရှိ၍ Taehyungအမေပြောသမျှခေါင်းငုံ့ခံရယုံပဲရှိသည်။ သမီးဖြစ်သူကလည်း အသုံးကြတဲ့ လူမျိုးမဟုတ်တော့ သူပိုပြီး အနှိမ်ခံရသည်။
"ရှင့်သမီးကြောင့် ကျွန်မ ကို သူဌေးဂျွန်ပေးတဲ့ပိုက်ဆံတွေလည်းကုန်ခဲ့ရတယ် ရှင်တို့သားအဖက ကောင်းကျိုးကိုမပေးတာ အရင်က ကျွန်မအသက်ကို ရှင်ကယ်ပေးခဲ့လို့သာ အခုချိန်ထိ သီးခံပြီး နေနေတာ နောက်မို့ဆို ကျွန်မ ရှင့်တို့ကို ထားခဲ့ပြီး ထွက်သွားတာ ကြာပြီ..."