Unicode
တဖြည်းဖြည်းရက်၊လ၊နှစ်တွေပြောင်းလာတာနဲ့အမျှ Taehyungလည်းအခုဆို လူပျိုပေါက်အရွယ်ကိုရောက်ရှိလာပြီဖြစ်သည်။
Taehyungက ကြီးလေ Jungkookအပေါ်ကိုပိုခင်တွယ်လေ ဖြစ်သည်။ Jungkookကိုအမြဲကပ်ချွဲကာ ဘာလေး လုပ်ပေးပေး Jungkookလုပ်ပေးမှ ကြိုက်သည်။ Jungkookကလည်း Taehyungခိုင်းသမျှ မငြီးမငြူအကုန်လုပ်ပေးသည်။ Taehyungက အရွယ်ရောက်လာတာနဲ့ အမျှပိုပြီးလည်းချောလို့လာသည်။ မိန်းကလေးရော ယောကျာ်းလေးပါ လည်ပြန်ငေးရတဲ့ အထိ ချောမောလွန်း၍ Jungkookမှာ Taehyungကိုဘယ်နေရာသွားသွားစိတ်မချဖြစ်နေရသည်။
"Baby ကျောင်းသွားတော့မှာလား.."
"ဟုတ်Daddy Babyကျောင်းသွားတော့မယ်..."
"Babyနော် Daddy မှာထားတာတွေကို မမေ့နဲ့.."
"မမေ့ပါဘူး Daddyကလည်း... "
"ဒါဆို ဘာတွေမှာထားလည်းပြောပြပါဦး..."
"သူငယ်ချင်းအပေါင်းအသင်းပေါင်းရင် Daddyပေါင်းခိုင်းတဲ့သူနဲ့ပဲ ပေါင်းရမယ်၊ ပြီးတော့ ရည်းစားမထားရဘူး၊ ကလပ်မသွားရဘူး၊ ဆေးလိပ်မသောက်ရဘူး၊ အရက်မသောက်ရဘူး၊ ပြီးတော့ Daddy မသိပဲ ဘယ်မှ မသွားရဘူး..."
Taehyungပြန်ဖြေနေတာလေးကိုကြည့်ပြီး Jungkookသဘောကျနေတော့သည်။
"ဒါပဲလား..."
"Daddy မှာထားတာ အဲ့ဒါပဲလေ Daddyကလည်း..."
"ဟုတ်ပါပြီ ဒါဆို Daddyကျောင်းလိုက်ပို့ပေးမယ်နော်.."
"ဟုတ်Daddy..."
Jungkookက နေ့တိုင်း Taehyungကို မအားတဲ့ကြားက အပို့အကြိုလုပ်ပေးသည်။ သူလုံးဝအပို့အကြိုမလုပ်နိုင်တဲ့နေ့တွေမှသာ Jack နဲ့Davicကို အပို့အကြိုလုပ်ခိုင်းသည်။ Taehyungကိုတော့ ဘယ်တော့မှ တစ်ယောက်ထဲမလွှတ်...။
Taehyungရဲ့ သူငယ်ချင်းတွေဟာလည်း Jungkookရဲ့အသိမိတ်ဆွေထဲက တူ တွေပဲ ဖြစ်သည်။ Jungkookက အပြင်လူမပေါင်းခိုင်းသူ့အသိမိတ်ဆွေထဲက လူတွေနဲ့ပဲပေါင်းခိုင်းသည်။