Part-18

1.6K 75 4
                                    

Unicode

Jungkook... Jackနဲ့Davic စုံစမ်းခဲ့တဲ့ Hanna မိဘတွေအကြောင်းကိုသိရ၍ ဒေါသမုန်တိုင်းတွေခတ်ထန်လာတော့သည်။

"တောက်...ငါထင်တဲ့ အတိုင်း Hannaက ဟယ်ရာသမီးဖြစ်နေတာပဲ ...ဟက်... ပွဲကတော့လှပြီ... Jackနဲ့Davic Hannaကို အခုချိန်က စပြီးကောင်းကောင်းဆက်ဆံပေး ပြီးရင် လစာလည်း 2စ ပေးလိုက်...သူလိုအပ်တာတွေလည်း အကုန်ဖြည်စည်းပေးလိုက်..."

"ဟုတ်ကဲ့ ဆရာ...ဆရာ ခိုင်းသလို ကျွန်တော်တို့လုပ်ပေးပါ့မယ်..."

"ပြီးတော့ Hannaကို နေ့လည်ကြရင် ငါနဲ့ထမင်းလာစားဖို့ ပြောလိုက်ပါ...".

"ဟုတ်ကဲ့ဆရာ..."

Hannaတစ်ယောက် Jungkook နေ့လည်စာ တူတူစားမယ်ပြော၍ ဝမ်းသာလို့သွားသည်။

!သူဌေးJeonက ငါ့နဲ့ နေ့လည်စာတူတူစားမယ်တဲ့ အဟိ...ပျော်လိုက်တာ...နောက်ဆုံးတော့ ငါမျှော်လင့်သလိုဖြစ်လာပြီးပေါ့..!

Hannaတစ်ယောက် သူ့အတွေးနဲ့သူပျော်နေတော့သည်။

နေ့လည်စာ စားချိန်ရောက်တော့ Jungkookနဲ့တူတူ ထမင်းစားရန် Jungkookရုံးခန်းထဲဝင်လာလိုက်သည်။

"သူဌေး ကျွန်မရောက်ပါပြီ.."

"အင်း...ခဏလေးနော် Hanna ပြီးမှ အပြင်မှာ နေ့လည်စာသွားစားမယ်..."

"ဟုတ် သူဌေး..."

Jungkookအလုပ်တွေကို လက်စသက်လုပ်ပြီး Hannaကိုခေါ်ကာ နေ့လည်စာစားဖို့ထွက်လာလိုက်သည်။

"Hanna ဘာစားမလည်း ကြိုက်တာမှာနော် ဦးအကုန်ရှင်းမယ်..."

"သူဌေး ကြိုက်တာမှာပါ ကျွန်မက ဘာဖြစ်ဖြစ်ရပါတယ်..."

Jungkookလည်း Hanna ကြိုက်လောက်မယ်ထင်တဲ့ အစားအစာတွေ အကုန်မှာလိုက်သည်။

မှာပြီးခဏအကြာ စားစရာတွေရောက်လာတော့ Hannaတစ်ယောက် မျက်လုံးပြူးသွားသည်။

"သူဌေး ဒါတွေအကုန်လုံးက ကျွန်မတို့နှစ်ယောက်စားဖို့လား..."

"ဟုတ်တယ်လေ..."

"ဟင်းတွေက အများကြီးပဲ ကုန်ပါ့မလား..."

"Hannaကို စားစေချင်လို့ မှာပေးတာလေ Hannaကုန်အောင်တော့စားပါ..."

"ဒါ..ဒါပင်မဲ့ ဒီလောက်အများကြီးကြတော့ ဘယ်လိုလုပ်ကုန်မှာလည်း..."

𝗗𝗮𝗱𝗱𝘆'𝘀  𝗕𝗮𝗯𝘆Where stories live. Discover now