Part_32

842 57 10
                                    

Unicode

ဒီနေ့ အလုပ်ပိတ်ရက်မို့ Baby အလိုကျ ကမ်းခြေ လိုက်ပို့ပေးနေတာဖြစ်သည်။

ကမ်းခြေရောက်တာနှင့် Babyနဲ့အတူ လက်ချင်းချိတ်ပြီးလမ်းလျှောက်ကာ ပင်လယ်လေကို တစ်ဝကြီး ရှူရှိုက်လိုက်သည်။

"ဝါး....အခုမှ ပဲ လန်းဆန်းသွားတော့တယ် Babyရယ်...ကမ်းခြေမရောက်တာ ဘယ်လောက်တောင်ကြာနေပြီလဲ..."

"ဟုတ်ပါ့နော်...Babyတို့ ဟိုတစ်ခါ လာပြီးထဲကကို မရောက်တော့တာ..."

"အင်း..အဲ့တုန်းက အချိန်လေးကိုပြန်တောင်လွမ်းမိသား...Babyနဲ့ ဒီကမ်းခြေလာရင်း Daddyတို့ ရဲ့ ပထမဆုံး အချစ်ညကို ဖြတ်သန်းခဲ့ကြတာလေ..."

Jungkookပြောတော့ Taehyung ပြုံးမိသွားသည်။ အဲ့တုန်းက သူကအရင် Jungkook ကို ချစ်ကြောင်းဝန်ခံခဲ့တာဖြစ်ပြီး အတူတူနေဖို့လည်း သူ့ဘက်ကအရင် စပြောခဲ့တာဖြစ်၍ တွေးရင်းနှင့် ပြုံးနေမိသည်။

"အဲ့တုန်းက Daddy ကိုအရင် Babyဘက်စပြီး ချစ်ကြောင်းဝန်ခံခဲ့ရတာနော်...Daddyက Babyကိုချစ်နေတယ်ဆိုပြီးဖွင့်လည်းမပြောဘူး...အကုန် Babyဘက်က စခဲ့လို့သာ ဒီအခြေအနေထိရောက်ရတာ..."

"Babyရယ် Daddyနဲ့ Babyဒီလောက်အသက်ကွာနေတာ ဘယ်လိုလုပ်ဖွင့်ပြောရဲမှာလည်း ပြီးတော့ အဲ့အချိန်တုန်းက Daddyက Baby အဖေနေရာမှာ နေနေတာလေ....ဘယ်လိုလုပ်ဖွင့်ပြောရဲမလဲ...."

"ဟုတ်ပါပြီ Daddyရယ်...ဘယ်သူက အရင်ဖွင့်ပြောပြောပါ နှစ်ယောက်လုံးစိတ်ခံစားချက် ရှိနေဖို့ကအထိကကြပါတယ်..."

"ကမ်းခြေရောက်တုန်း Daddyတို့ ပထမလာတုန်းက တည်းခဲ့တဲ့ဟိုတယ်မှာပဲ တည်းကြမယ်..."

"ဟုတ်ကဲ့ Daddy..."

နှစ်ယောက်သား သူတို့ ချစ်သူ စဖြစ်တုန်းက ဟိုတယ်မှာပဲတည်းခါ အခန်းကိုလည်း အရင်က နေဘူးခဲ့တဲ့ အခန်းကိုပဲယူလိုက်သည်။

"အား...ဒီအခန်းလေးကိုရောက်တော့ အရာရာဟာမနေ့တစ်နေ့ကလိုပါပဲလား..."

"ဟုတ်တယ်နော် Baby....အချိန်တွေက ကုန်တာမြန်လိုက်တာ..."

"Daddy...ဒီနေ့ည Babyတို့ တူတူနေကြရအောင်..."

Taehyungပြောတော့ Jungkookမှာသဘောကျစွာဖြင့်....

"တူတူမနေတဲ့ ညရော ရှိလို့လား Babyရယ်...နေ့တိုင်းတူတူနေနေတာပဲ.."

𝗗𝗮𝗱𝗱𝘆'𝘀  𝗕𝗮𝗯𝘆Where stories live. Discover now