Part-7

3.6K 117 4
                                    

Unicode

"ဆရာ ဆရာစုံစမ်းခိုင်းတာသိရပါပြီ..."

"အင်း ပြောပါဦး..."

"ဆရာပေးတဲ့ငွေတွေက သူ့လင်ပါသမီးကြောင့်ကုန်သွားရတာပါ..."

လင်ပါသမီးကြောင့်သူပေးတဲ့ငွေတွေကုန်သွားတယ်ဆို၍ Jungkookဒေါသထွက်သွားသည်။

"ဘာ ငါပေးတဲ့ ငွေတွေက လင်ပါသမီးကြောင့်ကုန်တာဟုတ်လား..."

"ဟုတ်ပါတယ် ဆရာ သခင်လေးအမေရဲ့ လင်ပါသမီးက အသုံးအဖြုန်းကြီးတယ် ပြီးတော့  အဲ့ပိုက်ဆံတွေက သူ့သူငယ်ချင်း အဖေစီမှာ သခင်လေး အမေကိုရှယ်ယာဝင်ခိုင်းတယ်တဲ့... သခင်လေး အမေကလည်း သူ့လင်ပါသမီးဝင်ခိုင်းတော့ အဲ့ကုမ္ပဏီမှာ ရှယ်ယာဝင်လိုက်တယ်တဲ့၊ သူဝင်တဲ့ ကုမ္ပဏီက အမှန်တော့ လိမ်တဲ့ ကုမ္ပဏီဖြစ်နေတာဆရာ၊ သူလည်း ရှယ်ယာဝင်ပြီးရော အဲ့ပိုက်ဆံတွေ အကုန်ယူပြီး ထွက်ပြေးသွား
တယ် တဲ့..."

သူ့တပည့်စကားကြားတော့ Jungkook သက်ပြင်းချမိသည်။

"ဟူး...တကယ်ကို ဦးနှောက်မရှိတဲ့ လူတွေပဲ  ဘာမှ မလေ့လာ မစူးစမ်းပဲ ရှယ်ယာကောက်ဝင်တယ်ဆိုတော့ နည်းတဲ့သတ္တိမဟုတ်ဘူး.....အေးပေါ့လေ အဲ့ပိုက်ဆံတွေက လွယ်လွယ်ရထားတာဆိုတော့ ဘယ်တန်ဖိုးထားတက်ပါ့မလည်း..."

"ဆရာ ပြီးတော့လေ  သခင်လေးအမေရဲ့ မယားပါသမီးက ကျွန်တော်တို့ ကုမ္ပဏီကို လာလာပြီးချောင်းနေတာ သုံးလေးခါရှိနေပြီ..."

Jungkookမျက်လုံးပြူးသွားသည်။ ဘာကိစ္စ သူ့ကုမ္ပဏီကို လာချောင်းတာလည်းဆိုတာကိုလည်း သိချင်သွားသည်။

"သူက ဘာကိစ္စ ငါ့ကုမ္ပဏီကို လာချောင်းရတာလည်း..."

"အဲ့ဒါတော့ ကျွန်တော်လည်း မသိပါဘူး ဟိုနေ့က လုံခြုံရေး ဦးလေးကြီးက ကောင်မလေးတစ်ယောက် ကုမ္ပဏီ ကိုလာလာပြီးချောင်းနေတယ်ပြောလို့ ကျွန်တော် သွားကြည့်မိတာ သခင်လေးအမေရဲ့ လင်ပါသမီးဖြစ်နေတယ်..."

"ဟက်...ဘာဇယားတွေရှုပ်ချင်လို့လည်းမသိဘူး...ဒီတစ်ခါ အဲ့ကောင်မလေးလာရင် ငါ့စီခေါ်လာခဲ့..."

"ဟုတ်ကဲ့ ဆရာ..."

####

"Daddy ဒီနေ့ Hoseok တို့နဲ့ အပြင်သွားချင်တယ်...အဲ့ဒါ Daddy ခွင့်ပြုပေးလို့ရမလား.."

𝗗𝗮𝗱𝗱𝘆'𝘀  𝗕𝗮𝗯𝘆Where stories live. Discover now