Unicode
Taehyung Jungkookမသိအောင် စားပွဲထိုးဝင်လုပ်နေတာ တစ်ပတ်ပြည့်နေပြီဖြစ်သည်။ တော်သေးသည်က Jungkookက ညနက်မှ အိမ်ပြန်ပြန်ရောက်လာ၍ သူ အလုပ်လုပ်နေတာကို လုံးဝမသိ။
"Yoongi ကလပ်လည်း ဆောက်ပြီးပြီဆိုတော့ မစ္စတာလီကို မင်းပဲဆက်သွယ်ပြီး ပြောလိုက်ပါ နောက်တစ်ပတ်ထဲ ဝန်ထမ်းတွေ ခေါ်ပြီး ကလပ်ဖွင့်ဖို့ လုပ်တော့မယ်လို့..."
"အေး Jungkookငါ ပြောလိုက်မယ်...."
"ဒါဆို မစ္စတာလီကိုဆက်သွယ်ဖို့ ငါမင်းကိုအပ်ခဲ့ပြီနော်....ငါလည်းအခုရက်ထဲ ကလပ်ဆောက်တာကြည့်ကြပ်နေရလို့ အိမ်ပြန်နောက်ကျပေါင်းတွေမနည်းတော့ဘူး ဒီနေ့တော့ စောစောပြန်မှ ဖြစ်တော့မယ်..."
"အေးပါကွာ ပြန်ပါ ကျန်တာငါဆက်လုပ်ထားလိုက်ပါ့မယ်..."
Jungkookတစ်ယောက် Yoongiကို နှုတ်ဆက်ကာ အိမ်ပြန်လာလိုက်သည်။
သူအိမ်ပြန်ရောက်တော့ Taehyungကို အရင်အော်ခေါ်လိုက်သည်။
"Babyရေ Baby Daddyပြန်လာပြီ..."
သူဘယ်လောက်အော်ခေါ်ခေါ် Taehyungထွက်မလာ၍ အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
အခန်းတံခါး ဆွဲဖွင့်ပြီး ဝင်လာတော့လည်း အခန်းထဲမှာ Taehyungကိုမတွေ့၍ ရေချိုးခန်းတွေထဲများဝင်နေမလားလို့ သွားကြည့်မိပြန်သည်။ ရေချိုးခန်းတံခါးဆွဲဖွင့်ကြည့်ပြန်တော့လည်း Taehyungကိုမတွေ့ပြန် ၍ ရင်တစ်ခုလုံး
ဗျောင်းဆန်သွားသည်။!Baby က ရေချိုးခန်းထဲမှာလည်း မရှိပါလား...!
Jungkookတစ်ယောက် တစ်ခန်းလုံးပတ်ရှာနေပင်မဲ့ Taehyungကိုမတွေ့၍ သူ့အိမ်က အလုပ်သမားတွေအားလုံးကို ခေါ်လိုက်သည်။
"မင်းတို့သခင်လေး အိမ်ထဲမှာမရှိဘူး သူဘယ်သွားတာလည်း မင်းတို့သိလား..."
"ဟို သခင်လေးက ကျောင်းကပြန်လာထဲက အခန်းထဲဝင်နေတာပါ အပြင်ကိုထွက်မလာပါဘူး ဆရာ..."
"အခန်းထဲဝင်သွားတာဆို အခန်းထဲမှာ ရှိရမယ်လေ အခုအခန်းထဲရော အခန်းပြင်မှာပါမရှိတာ...မင်းတို့ မကြည့်ထားကြဘူးလား..."