Unicode
"Babyရေ ဒီနေ့လည်း Daddy အိမ်ပြန်နောက်ကျမယ်နော်..."
"ဘာလို့လဲ Daddy..."
"ဒီနေ့ နိုင်ငံခြားက ဧည့်သည်တွေ လာမှာလေ အဲ့ဒါကြောင့်သူတို့နဲ့ ညစာ စားရမှာ..Daddyတစ်ယောက်ထဲမဟုတ်ပါဘူး..Yoongiတို့Namjoonတို့လည်းပါပါတယ်..."
"အင်းDaddy..အရမ်းကြီးတော့ နောက်မကြစေနဲ့..Babyက Daddy...အိမ်ပြန်နောက်ကျရင် ငိုချင်တယ်.."
"ဟုတ်ပါပြီဗျာ...Daddy တက်နိုင်သလောက်စောစောပြန်လာခဲ့ပါ့မယ်.."
"ဟုတ်...Daddy..."
Jungkookထွက်သွားတော့ Taehyungမှာသက်ပျင်းတချချနဲ့ ကျန်နေခဲ့တော့သည်။ ဒီရက်ထဲ သူ့Daddy က အိမ်ပြန်နောက်ကျတက်ပြီး ကုမ္ပဏီမှာ အရေးကြီးအစည်းအဝေးရှိတယ်တို့ အခုလို ညစာစားပွဲရှိတယ်တို့နှင့် အမြဲ နောက်ကျမှ ပြန်ရောက်တက်သည်။ ဒီနေ့လည်း ဧည့်သည်တွေနဲ့ ညစာစားပွဲရှိတယ်တဲ့လေ....
!Daddyက နေ့တိုင်းလိုလို ညစာစားပွဲက ရှိနေတော့တာပဲ...ဟုတ်ရောဟုတ်ရဲ့လားမသိဘူး...ငါ့ကိုများ လိမ်နေတာလား...!
Taehyungမှာ သူ့Daddyကို စိတ်မချ၍ စဥ်းစားနေမိသည်။ ပြီးနောက် Jiminကိုသွားသတိရကာ Jiminကိုဖုန်းဆက်တော့သည်။
"Hello..."
"Hello..Jimin ငါပါ..."
"အေးTaehyungပြောလေ..."
"ဦးMinရှိလား..."
"မရှိဘူးလေ....ကုမ္ပဏီသွားပြီ..."
"အေး Jimin ဦးMinက ဒီနေ့ မင်းကို ညစာစားပွဲရှိတယ်လို့ပြောသေးလား.."
"အေးပြောတယ် Taehyung...နိုင်ငံခြားက ဧည့်သည်တွေ လာမှာမို့တဲ့ ဦးJeonတို့လည်း ပါတယ်တဲ့..."
"ဟုတ်လား...အေးပါ.... ငါ Daddyကိုစိတ်မချလို့ မင်းစီလှမ်းဆက်ကြည့်တာ..."
"စိတ်ချပါကွာ...ငါ့ဦးလေး စုံတွဲလည်း ပါပါတယ်... ဦးJeonတစ်ယောက်ထဲမဟုတ်ပါဘူး..."
"အေးပါကွာ...ဒါဆို ဒါပဲနော် Jimin နောက်မှတွေ့မယ်..."
"အေး Taehyung.."
Jiminနဲ့ဖုန်းပြောပြီးမှ Taehyungမှာ အသက်ကိုဝအောင်ရှူနိုင်တော့သည်။
!ဟူး...တော်သေးတာပေါ့....ငါက Daddyငါ့ကို လိမ်နေတာများလားလို့ တွေးပူနေတာ..."