Part-23

2.4K 100 13
                                    

Unicode

ဒီနေ့ Jungkookက Hannaတို့သားအဖကို ထမင်းဖိတ်ကျွေး မှာမို့ Taehyungစိတ်ညစ်နေတော့သည်။ Hannaတို့သားအဖ လာရင် သူHannaအဖေကို မြင်တွေ့ရမှာဖြစ်သည်။ အမှန်ဆို Hannaအဖေမျက်နှာကို မမြင်ချင်ပါ သူကလေးဘဝက မဖွယ်မရာ ပြုမူတဲ့ ပထွေးကို မျက်နှာချင်းမဆိုင်ချင်ပါ....

"Baby ဘာတွေ လုပ်နေတာလည်း...အဝတ်အစားလဲတော့လေ ခဏနေ Hannaတို့သားအဖလာတော့မှာ..."

"Daddy Babyလေ သူတို့ကိုမတွေ့ချင်ဘူး အဲ့ဒါကြောင့် DaddyဘာDaddyပဲ သူတို့သားအဖကို ဧည့်ခံလိုက်ပါ.."

"ဘာလို့လည်း Babyရဲ့ .."

"Baby ဟိုလူကြီးကို မတွေ့ချင်ဘူး..သူ့မျက်နှာမြင်ရမှာ Babyရွံတယ်..."

"အင်းပါ ဒါဆိုလည်း Babyသဘောပါ...Babyမတွေ့ချင်လည်း မတွေ့ပါနဲ့.."

"Babyကိုနားလည်ပေးလို့ ကျေးဇူးပါ Daddy..."

Hannaတို့သားအဖရောက်လာတော့Jungkook ထွက်ကြိုလိုက်သည်။

Taehyungပထွေးမှာ Jungkookအိမ်ကိုမြင်ပြီး ပါးစပ်အဟောင်းနဲ့ လိုက်ကြည့်နေတော့သည်။

!ဝါး အိမ်ကြီးက ရှယ်ပဲကွာ...ငါ့သမီးနဲ့ သူဌေးJeonသာ ညားလို့ကတော့ဒီအိမ်က ငါတို့အပိုင်ဖြစ်ပြီ...!

"အကို အထဲဝင်ပါ.."

Jungkookပြောမှ Taehyungပထွေးမှာ အတွေးတွေကိုရပ်လိုက်သည်။

"ဟုတ်ကဲ့..."

အိမ်ထဲ ရောက်တော့လည်း Taehyungပထွေးမှာ ဟိုကြည့်ဒီကြည့်လိုက်ကြည့် ပြီး ဧည့်ခန်းထောင့်က ဓာတ်ပုံစီအကြည့်ရောက်သွားသည်။

!ဟင်...Taehyungနဲ့သူဌေးJeonတွဲရိုက်ထားတဲ့ပုံပါလား...Taehyungက ကြီးလာတော့ ချောလာလိုက်တာကြည့်ပါဦး...!

Taehyungပထွေးမှာ Taehyungစီကအကြည့်မခွာနိုင်...

Jungkook Taehyungပထွေး Taehyungပုံကိုတဏှာမျက်လုံးတွေနဲ့ စိုက်ကြည့်နေတာ မြင်တော့ အံတကျိတ်ကျိတ်နဲ့ဖြစ်နေတော့သည်။

!ဒါကြောင့်Babyက သူနဲ့မျက်နှာချင်းမဆိုင်ချင်တာကို...တော်တော်တဏှာကြီးတဲ့ကောင် ၊သူများသားပျိုသမီးပျိုတွေကိုဖျက်စီးချင်တဲ့ကောင် မင်းသမီးအလှည့်ကြမှ...မင်းဝဋ်လည်အောင် ငါလုပ်ပြမယ်...!

𝗗𝗮𝗱𝗱𝘆'𝘀  𝗕𝗮𝗯𝘆Where stories live. Discover now