Unicode
တစ်နေကုန်ရေပတ်တိုက်ပေးလိုက် ဆေးတိုက်လိုက် လုပ်ပင်မဲ့ Yoongiက အဖျားလုံးဝမကျပဲ ကိုယ်တွေပူခြစ်တောက်လာသည်။
Jiminမှာလည်း သူ ဒီလောက်ပြုစုနေရာက Yoongiအဖျားလုံးဝကျမလာ၍ ဝမ်းနည်းစ ပြုလာသည်။ သူ့ဦးmin တစ်ခုခုဖြစ်သွားမှာကိုအရမ်းကြောက်သည်။ ဦးminသာ မရှိတော့ရင် သူ့ဘယ်လိုလုပ်မလဲလို့တွေးကာ စတင်၍ ငိုကျွေးတော့သည်။
"ဟင့်...ဦးmin ဘာမှမဖြစ်ရဘူးနော်...ကျွန်တော့်ကို တစ်ယောက်ထဲ မထားခဲ့နဲ့..."
Jiminစကားကြားတော့ အဖျားတက်နေတဲ့ Yoongiမှာ စကားမပြောနိုင်သည့်ကြားကနေ....
"ဘာတွေလျှောက်ပြောနေတာလဲပူတူးရယ်...ဦးက ဘာလို့ ပူတူးကို ထားခဲ့ရမှာလဲ..."
"ဦးminက အခု အရမ်းဖျားနေတာလေ...တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ...ကျွန်တော်ပဲ ရင်ကျိုးရမှာ..."
"ဦး ဘာမှမဖြစ်ပါဘူး ပူတူးရယ် မငိုပါနဲ့...."
"ဦးmin ကျွန်တော် ဆရာဝန်ခေါ်လိုက်မယ်နော်...ဒီတိုင်းနေလို့တော့ မဖြစ်ဘူး..."
Jiminစိတ်ပူနေတာသိ၍ ဆရာဝန်ခေါ်ဖို့ Yoongiလည်းမတားချင်တော့ Jiminကိုခေါင်းပဲငြိမ့်ပြလိုက်သည်။
Yoongiခေါင်းငြိမ့်ပြတာနှင့် Jiminမှာ ဆရာဝန် ချက်ချင်းပင့်တော့သည်။
ခဏအကြာ ဆရာဝန်ရောက်လာပြီး Yoongiကို စမ်းသပ်ကာ ဆေးပါထိုးပေးလိုက်သည်။
"ဆရာ ဦးminက ဘာဖြစ်တာလဲဟင်..စိုးရိမ်ရလား..."
"မစိုးရိမ်ရပါဘူး...ဒီတိုင်းအအေးပတ်ပြီးဖျားတာပါ...အခုဆေးလည်းထိုးပေးခဲ့တယ်...သောက်ဆေးလည်းပေးခဲ့တယ်...ကျွန်တော်ပေးခဲ့တဲ့ဆေးကိုပဲ ပုံမှန်လေးတိုက်ပေးပါ နေပြန်ကောင်းလာပါလိမ့်မယ်..."
"ဟုတ်ကဲ့ပါ ဆရာ..."
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး...."
ဆရာဝန်ပြန်သွားမှ Jiminမှာ Yoongiကို နှာဖူးလေးစမ်းကြည့်လိုက် ခြေတွေလက်တွေစမ်းကြည့်လိုက်နှင့် လုပ်နေတော့သည်။
"ဦးmin အခု ဘယ် လိုနေသေးလဲ...သက်သာရဲ့လား.."
"သက်သာပါတယ် ပူတူးရယ်..."