Unicode
Taehyung ဒဏ်ရာတွေသက်သာသွား၍ ကျောင်းပြန်တက်ရန် ပြင်ဆင်တော့သည်။
"Baby... Babyလည်း အားလုံးသိပြီးသွားပြီဆိုတော့ Daddyဘာလုပ်လုပ်နားလည်ပေးနော်...."
"ဟုတ်ကဲ့ Daddy....Baby နားလည်ပါတယ်.."
"ကျေးဇူးပဲ Baby...Daddy ဘဝမှာ Babyပဲရှိပါတယ်Babyရယ် အဲ့ဒါကိုတော့ ယုံပေးပါHannaက Daddy ကိစ္စရှိလို့ အသုံးချချင်ယုံသက်သက်ပါ..."
"အင်းပါ Daddy နောက်ဆို Babyအပေါ်ကို ပွင့်လင်းပေးပါ... အဲ့ဒါမှ အခုလိုမျိုး Daddyနဲ့ Baby နားလည်မှု့မလွဲမှာ..."
"ဟုတ်ပါပြီဗျာ...နောက်ဆို Daddyဘာလုပ်လုပ် Baby ကိုအကုန်ဖွင့်ပြောပါ့မယ်...အခုတော့ ကျောင်းသွားရဦး Baby ကျောင်းနောက်ကြနေမယ်..."
"ဟုတ်ကဲ့ Daddy...."
###
Taehyungကို ကျောင်းရှေ့မှာချပေးခဲ့ကာ Jungkookလည်း သူ့ကုမ္ပဏီကို ထွက်လာလိုက်သည်။
Taehyungကျောင်းဝင်းထဲဝင်တာနှင့် သူ့ကို စီးကြိုနေတဲ့လူနဲ့ ဆုံတော့သည်။
"Tae..."
Taehyungမျက်နှာ ချက်ချင်းပျက်သွားသည်။ အစက Daddyကို အရွဲ့တိုက်ချင်၍ Hojunကို အဖြေပြန်ပေးခဲ့မိပင်မဲ့...အခုDaddyနဲ့အစဥ်ပြေသွားတော့Hojunကိုဘယ်လိုငြင်းထုတ်ရမှန်းမသိဖြစ်တော့သည်။
"Tae...Taeဘာလို့ ကျောင်းမတက်တာလည်း ကျောင်းမလာတာ တပတ်တောင်ရှိပြီ..."
"အင်း...ငါနေမကောင်းလို့မလာတာ..."
"ကိုယ့်မှာတော့ လွမ်းလိုက်ရတာTaeရယ်...Taeရော ကိုယ့်ကိုမလွမ်းဘူးလား..."
Hojunစကားကြားတော့ Taehyungမှာ အော်ကလီပါဆန်ချင်လာသည်။ Daddyနဲ့သာ ညုတုတုစကားတွေပြောချင်ပင်မဲ့ တခြားတယောက်စီက ဒီလိုစကားမျိုးကြားရတာဟာ သူ့အတွက်အော်ကလီဆန်ချင်စရာကောင်းလှသည်။
"အမ်း..ဟို...ငါ အတန်းချိန်နီးပြီမို့ သွားတော့မယ်နော်..."
Taehyungဘာမှပြန်မဖြေပဲ Hojunရှေ့က မြန်မြန်ပြေးထွက်လာတော့သည်။
Hojunမှာတော့ Taehyungလုပ်သွားတဲ့ ပုံစံကြောင့် ဒေါသထွက်ကာ ကျန်ခဲ့တော့သည်။