Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
"သူဟာ အတောင်ကျိုးနေတဲ့ ငှက်ကလေးတစ်ကောင်နဲ့တောင် တူပါတယ်။
ဒီလိုဆို ကိုယ်ကတော့ အဲ့ဒီငှက်ကလေးကို အတောင်လေးတွေအကောင်းအတိုင်းရှိအောင် ပြုပြင်ပေးပြီး အချိန်တန်ရင် သူသွားလိုရာလွှတ်ပေးလိုက်ရတာမျိုး"။"ကိုယ့်မှာမေတ္တာတွေအလုံအလောက်ရှိပါရဲ့။
ပြီးတော့ အဲ့ဒီ မေတ္တာတွေကိုထားပုံထားနည်းကလည်း မှန်တတ်ခဲ့ပါရဲ့။
သူသာ တကယ်အတောင်ကျိုးနေတဲ့ငှက်ကလေးဆို ကိုယ်က သူ့ကိုအတောင်လေးတွေပြုပြင်ပေးပြီး လှလွန်းလို့ပါ၊ ချစ်လွန်းလို့ပါရယ်လို့ သိမ်းထားလို့မရဘူး။
လှောင်အိမ်ထဲထည့်ပိတ်ထားလို့မရဘူး။
ကိုယ်အဲ့လိုလည်းမလုပ်တတ်ဘူး။
ငှက်ဆိုတာဟာ ငှက်တို့ရဲ့သဘာဝအတိုင်းပဲ ကောင်းကင်မှာလွတ်လွတ်လပ်လပ်ပျံသန်းတဲ့ဖြစ်တည်မှုမို့ အချိန်တန်ရင် သွားလိုရာကိုလွှတ်ပေးလိုက်မှာပဲ"။"ဒါဟာ အဲ့ဒီငှက်ကလေးအပေါ် ကိုယ်ထားတဲ့မေတ္တာပေါ့။
သူ့ကိုလည်းအဲ့အတိုင်းပေါ့။
ကိုယ်ဟာ သူ့ကိုသိပ်ချစ်ခဲ့လို့ မေတ္တာတွေမှာ အတ္တလေးတစိုးတစ ပါသွားမှာတောင်သိပ်ကြောက်ခဲ့တာပါ။
သူမမြင်လေတဲ့ ကိုယ့်မေတ္တာတွေကို သူ့တစ်ယောက်တည်းအတွက်ဆိုပြီး လိုက်လိုက်လျောလျောပေးခဲ့တာပါ။
တန်ပြန်သက်ရောက်ခြင်းနဲ့ ရယူလိုခြင်းဆိုတာ ဘာမှန်းတောင်မသိခဲ့အောင် ချစ်စိတ်ကလေးတစ်ခုပဲ ပုံအောနိုင်ခဲ့လို့ ကိုယ်မမက်ခဲ့ဖူးတဲ့အိမ်မက်တစ်ခုကို ရောက်သွားခဲ့တယ်ထင်ပါရဲ့"။"ထပ်ပြောရရင် သူ့ကို ချစ်ခဲ့ရတာဟာ အတောင်ကျိုးနေတဲ့ငှက်ကလေးတစ်ကောင်ကို ပြုစုပေးခဲ့ရသလိုပါပဲ။
လေပြည်ထဲလွတ်လွတ်လပ်လပ် ပျံသန်းသွားနိုင်တဲ့အခါ ကိုယ်ကတော့ ကောင်းကင်ကိုပဲမော့ကြည့်လို့ ကျန်ရစ်ပြီးကျေနပ်ခဲ့ရတဲ့သူပါ"။"ကိုယ်ဟာ သူ့ကိုအတောင်တွေ တပ်ပေးလိုက်ရတဲ့သူပေါ့လေ"။
🦋
အသက်မွေးဝမ်းကျောင်း အမျိုးမျိုးနဲ့ ဘဝရှင်သန်နေကြတဲ့ လူပေါင်းများစွာထဲတွင်မှ ဘာကြောင့်ငါမှလဲ ဆိုတဲ့မေးခွန်းကို သူအထပ်ထပ်အခါခါ စဥ်းစားနေမိတယ်။
နွေရဲ့အပူကိုတောင် အံတုနိုင်တဲ့ ဒီလိုရင်ထဲကအပူလှိုင်းနဲ့ အော်ဟစ်နေတဲ့အကြောက်တရားဟာ ဘယ်လိုအကြောင်းတရားကြောင့်များ သူ့စီရောက်လာပါရသလဲ။
YOU ARE READING
ANEMONE in Dark Paradise