15.1🦋🍂

100 15 9
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

"အမှန်ပြောရရင် ကျွန်မ စိတ်တွေအရမ်းလှုပ်ရှားနေတုန်းပဲ အကို"

ပြင်းနေတဲ့လေပြည်တွေကြောင့် Fur coatနဲ့အတူ ရှုပ်ထွေးစွာ လွင့်ချင်နေကြသော မင်ဂျီ့ဆံပင်တွေကို ဆော့ဂျင်သေချာဖိသပ်ပေးလိုက်သည်။
အေးစက်စက်လက်ချောင်းတွေကို တင်းနေအောင်ဆုပ်ကိုင်ပြီး နဖူးထိပ်ချင်းထိကပ်ကာ အစစအရာရာအဆင်ပြေသွားဖို့ ဆုတောင်းမိသည်။
ကားထဲကနေကြည့်နေသော မင်ဂျီ့ကောင်မလေးကို လှမ်းကြည့်၍ ဖြစ်နိုင်ချေတွေကို စဥ်းစားရသည်။
ဒယ်ဒီသာ လက်ခံလျှင် မင်ဂျီ ဩစတေးယားကို ပြန်စရာမလိုတော့ပါ။
ဆော့ဂျင်လည်း ဒီကနေ တစ်သက်တာနှုတ်ဆက်ခဲ့ပြီး ဒယ်ဒီနဲ့သာပြန်နေဖို့ ဆုံးဖြတ်ထားပြီးပါပြီ။

ထားခဲ့ရမှာတွေကို ထားခဲ့ပြီး။

"ဒယ်ဒီက အရင်ကတည်းက ကိုကိုတို့ကို အလိုအလိုက်ဆုံးသူဖြစ်ခဲ့တာပါ..ကိုကိုတို့တွေလည်း ပြောင်းလဲသလို...သူလည်းပြောင်းလဲနေလောက်ပြီလေ"

မျက်လုံးလေးတွေဝိုင်းရာက ငိုတော့မလို မျက်တောင်လေးတွေ ညွှတ်ကျလာတဲ့မင်ဂျီ့ကိုပြုံးကြည့်ရင်း ပါးတစ်ဖက်ကို လက်လေးနဲ့ အသာညှစ်ဆွဲလိုက်သည်။

"ကျွန်မ...ကလေးမဆန်ချင်တော့ဘူး...ဒါပေမဲ့ ကိုကို့ ကိုတော့ ကလေးဆန်ရဦးမှာပဲ"

မင်ဂျီက ဆယ်နှစ်အရွယ်လောက်ကတည်းက ဆော့ဂျင်ကို "ကိုကို"လို့ခေါ်ရတာ ကလေးဆန်လွန်းသည်ဟုဆိုကာ "အကို" လို့ပြောင်းခေါ်ခဲ့တာဖြစ်သည်။
သို့သော် နှုတ်ကျိုးနေခြင်းမရှိပဲ တစ်ခုခုလိုချင်တာရှိတိုင်း "ကိုကို"လို့ ပြောင်းလဲခေါ်နေတတ်သည်ကြောင့် ဆော့ဂျင် စကားရဲ့အဓိပ္ပါယ်ကိုသိလိုက်ပါသည်။

"ဟုတ်ပြီကလေးလေး...ဘာလဲ ပြော"

"အကယ်၍...ဒယ်ဒီလက်မခံခဲ့ရင်...အရင်လိုပဲ ကိုကိုထပ်ပြီး ကူညီမယ်မဟုတ်လား"

ချက်ချင်းပဲ သူခေါင်းငြိမ့်ပြလိုက်သည်။
မလုပ်နိုင်စရာ၊ မကူညီနိုင်စရာ ဘာမှမရှိပါဘူး။
ပြင်ဆင်လို့ရသေးတဲ့ကိစ္စတွေကို အချိန်ရှိနေသရွေ့အကောင်းဆုံး ပြင်ဆင်ရမှာမို့ ပြန်ပြင်လို့မရတော့တာတွေထက်စာရင် ဒါဟာသူ့အတွက် အကူအညီပေးဖို့လွယ်ပါသည်လေ။

ANEMONE in Dark ParadiseWhere stories live. Discover now