Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
(a piece of episode 9.1- Seokjin's pov)
မိုးသံတွေဆူညံနေတဲ့ အပြင်ဘက်ထက် အတွင်းမီးတွေက ငြှိမ်းမရတော့အောင် တောက်လောင်လျက်ရှိသည်။
အိမ်ကြမ်းခင်းတွေပေါ်ကို လဲကျသွားတဲ့သူ့ခန္ဓာကိုယ်စီက မိုးရေတွေကျဆင်းကုန်ပြီး ခေါင်းမှီထားတဲ့မင်ဂျီ့ပေါ်ကိုလည်း စိုရွဲကုန်သည်။
တော်ရုံလူတွေနဲ့စကားပြောခဲတဲ့ မင်ဂျီရဲ့ အိမ်စေတွေကို သူတို့နားမလာဖို့ အော်ဟစ်ပြောနေသံကြားရသည်။
ဒယ်ဒီ ဆေးရုံကပြန်ရောက်ပြီလား၊ မရောက်သေးလား ဆော့ဂျင်မသိပါ။
မာမီလည်း ဘယ်ရောက်နေလဲသတိမထားမိပါ။အခုအချိန်အတွက် စိတ်ထဲမှာရှိနေသမျှ အတွေးမျှင်သေးသေးလေးတွေကအစ မောင် ပဲဖြစ်နေလေသည်။
"အကို! ဘယ်လိုဖြစ်တာလဲ"
အခန်းထဲရောက်အောင် မင်ဂျီကလိုက်ပို့ပေးရသည်အထိ ဆော့ဂျင်အခြေအနေဟာ စိတ်နဲ့လူနဲ့ကင်းကွာသွားတာထက် ပိုပါသည်။
လက်မခံနိုင်။ ဘာကိုမှ လက်သင့်မခံနိုင်။
မောင့်ကိုဆုံးရှုံးလိုက်ရပြီဆိုတာကိုလည်း လက်မခံနိုင်။
မောင့်ကို သူထားခဲ့တယ်ဆိုတာကိုလည်း လက်မခံနိုင်။ကိုယ့်လက်ဆစ်တွေကိုယ် ပြန်ကြည့်တော့လည်း...
ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် တစ်ခါပဲ ဒဏ်ရာရစေခဲ့တဲ့ဆော့ဂျင်က မောင့်အတွက်စိတ်ဒဏ်ရာတွေကိုတော့ အချိန်အကြာကြီးကတည်းက ပေးခဲ့တာတဲ့လား။"အားးးး!!!"
လည်ချောင်းသံပါသည်အထိ အော်ဟစ်လိုက်တဲ့နာကျင်စရာတွေကို မိုးခြိမ်းသံတွေက ကာကွယ်ပေးနေသည်။
အရူးတစ်ပိုင်းမကတဲ့ အရူးတစ်ယောက်လိုကို ဖြစ်နေတဲ့သူ့ပုံစံကို မင်ဂျီတစ်ယောက်ပဲ မကြောက်မလန့် ဝင်တားရဲလိမ့်မည်ဆိုတာသိသည်။
ဒါဆော့ဂျင်ပုံစံမှမဟုတ်တာ။
ဘဝရဲ့ပြိုလဲရမယ့် တခြားအခြေအနေပေါင်းများစွာမှာတောင် ဆော့ဂျင်ဆိုတာ ဒီလိုဖြစ်ခဲ့တဲ့သူမဟုတ်။"အကို! စိတ်ထိန်းစမ်းပါ!!"
"ငါလုပ်ခဲ့တာမဟုတ်ဘူး!! ငါအဲ့လိုမျိုးတွေ မလုပ်ခဲ့ဘူးလို့! ငါအဲ့လိုမျိုးတွေ ရည်ရွယ်ခဲ့တာလည်းမဟုတ်ပဲနဲ့! မောင်ရယ်...."
YOU ARE READING
ANEMONE in Dark Paradise