7🦋

87 18 4
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

ပြတင်းပေါက်တောင်ဖွင့်မထားတဲ့ အလုံခန်းဖြစ်လို့ အငွေ့သေသွားတဲ့ စီးကရက်စီက ရနံ့တွေပျံ့လွင့်နေသည်။
နဂိုစိတ်ပင်ပန်းမှုကြောင့်ရော၊ မာမီဆုံးသွားတာကြောင့်ရော ပေါင်းပြီး ဒီရက်ပိုင်းတွေမှာလူက ထိုင်းမှိုင်းပြီးခြောက်ခြားနေသည်။
အရင်ကလက်ဖျားနဲ့တောင် မထိခဲ့ဖူးတဲ့ စီးကရက်တွေကိုလည်း စွဲစွဲမြဲမြဲကိုသောက်တတ်နေပြီ။
မောင်ရော? မောင်ကတော့မသောက်ဖူးထင်ပါရဲ့။
အရင်ကတည်းကလည်း သောက်တတ်တဲ့အကျင့်မရှိတော့ မောင်ကတော့အရင်ကလို lolipopလေးတွေပဲစားနေမယ်ထင်သည်။

သူ့အတွက်တော့ အကျင့်ဆိုတာ အခြေအနေတွေကနေ သင်ကြားပေးလိုက်တဲ့ ခပ်နက်နက်သင်္ကေတဖြစ်နေတော့ ဒါတွေကိုမဖြတ်နိုင်တော့ဘူး။

"လွမ်း တယ်..."

အိမ်မက်ဆိုးမက်ပြီး ဆက်အိပ်မရမယ့်အတူတူ ဧည့်ခန်းထဲမှာထိုင်နေတာ မနက်၆နာရီတောင်ခွဲသွားပြီ။
လက်ချောင်းကြားက ပြာမှုန့်တွေတတောက်တောက်ကျနေတဲ့ စီးကရက်ကိုဒီတိုင်းပဲ ပစ်ချလိုက်ပြီး လိုက်ကာစကိုအသာဟ၍ အပြင်ပတ်ဝန်းကျင်ရဲ့ မြင်ကွင်းမှာ ဒီနေ့ရော သူမဟုတ်တဲ့လူတွေဘယ်လိုရှိနေကြလဲ ကြည့်လိုက်သည်။

ဆေးတွေကွာကျနေပြီဖြစ်တဲ့ ခြံတံခါးကို လာခေါက်မယ့်သူလည်းမရှိတော့သလို အဲ့ဒီကနေ အံ့သြမှုတစ်ခုသယ်ဆောင်ပြီး ဝင်လာမယ့်လူလည်း ဘဝထဲကထွက်သွားခဲ့ပြီ။
အမှတ်တရမှန်သမျှကို အစအနလေးတစ်ခုတောင်မစွန့်လွှတ်နိုင်သေးလို့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေနဲ့အတူ မောင်ရောက်လာတဲ့ဒီအိမ်လေးကိုပဲ သူအပိုင်ဝယ်ခဲ့တာ။
ဒီအိမ်လေးမှာပဲ တစ်သက်လုံးရဲ့အချိန်တွေကို ကုန်ဆုံးတော့မလို့။

မှန်မိပါသေးသည်။
မိသားစုကိစ္စနဲ့ပြဿနာဖြစ်ပြီး ဒီခြံလေးထဲကပဲ မောင်ထွက်သွားတဲ့နေ့ကို။
ပြီးတော့ မောင့်နောက်ကျောပြင်လေးကို။
ညရထားပေါ်ကနေ သူ့ကိုတစ်ချက်ကလေးလှည့်မကြည့်ခဲ့တဲ့မောင့်ကို။
​မိုးတွေရွာနေခဲ့တဲ့ အဲ့ဒီညကို။

ANEMONE in Dark ParadiseWhere stories live. Discover now