4.2🦋🍂

85 19 5
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

အခန်း(၂)


"ကိုယ်နဲ့ပက်သက်ပြီး အနာဂါတ်ကိုစဥ်းစားဖူးရဲ့လား အကို"

"ကျွန်တော် မောင့်လိုတော့ အတွေးနယ်ချဲ့ရတာမျိုးမရှိပေမဲ့...မောင်ရှိနေရင် ကျွန်တော့်အနာဂါတ်က အဆင်ပြေပြီးသားပါ"

မျက်ရည်ကျမလာပေမဲ့ ဒါတွေပြန်တွေးပြီး မျက်ရည်ကျဖို့ရော တန်ရဲ့လားတောင်မသိတော့ပါဘူး။
အဲ့ဒီအချိန်တွေတုန်းက ခပ်ပေါ့ပေါ့အတွေးတွေနဲ့ ရေခဲမြစ်လို တိမ်မြုပ်နေတဲ့နောက်ဆက်တွဲ အစိုင်အခဲတွေကိုမြင်လိုက်ရတဲ့အခါ ချစ်တာကချစ်ရုံနဲ့ မလုံလောက်မှန်း သိလာရတယ်။
ဆယ်ကျော်သက်အချစ်ပုံပြင်တစ်ခုလို မဟုတ်တော့တဲ့အချိန်တစ်ခု။
ရင့်ကျက်လာရတဲ့အချိန်တစ်ခု။

လက်လွှတ်ချင်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။

မောင့်ကိုချစ်လွန်းလို့ ဝေးသွားမှာကို သိပ်ကြောက်ရတာပါလေ။

"အကို....ဘာလုပ်နေတာလဲ"

အခန်းထဲကထွက်လာတဲ့မောင်ဟာ ဧည့်ခန်းမီးကိုပါ တစ်ခါတည်းဖွင့်လိုက်တာကြောင့် အမှောင်ချပြီးပင်ပန်းနေတဲ့ စိတ်အစုံဟာ အသက်ဝင်လာခဲ့သည်။
အမူးပြေပြီး အိပ်ယာနိုးလာတဲ့ မောင့်မျက်လုံးတွေရဲ့ ကြည်လင်မှုထဲမှာ မှုံမှိုင်းနေသော သူ့ပုံစံဟာ အထင်းသား။
Luggageထဲသေချာထည့်နေတဲ့အဝတ်အစားတွေကိုကြည့်ပြီး မောင်ကသူ့ကိုမေးခွန်းထုတ်သည်။

"မအိပ်သေးပဲ ဘာလို့ဒါတွေလုပ်နေတာလဲ"

အပိုတွေမဟုတ်ပါဘူး။
မောင်ကလေ ဆော့ဂျင်ထွက်သွားမှာကြောက်တဲ့ပုံစံနဲ့ကို အလောတကြီး၊ စိုးရိမ်တကြီးမေးနေတာ။

မမေးပါနဲ့။ အဲ့လိုမကြည့်ပါနဲ့။
ကျွန်တော်ဘာလုပ်လိုက်ရမလဲ မောင်ရယ်။

"မအိပ်ချင်သေးတာနဲ့ အဆင်သင့်လုပ်ထားတာပါ...မောင် အဲ့တာကြောင့်နိုးသွားတာလား"

"မဟုတ်ပါဘူး...နိုးလာတော့ ဘေးမှာမင်းမရှိလို့ အပြင်ထွက်လာတာ"

ပျော်ရွှင်မှုအလွှာပါးရဲ့နောက်က ရှုပ်ရှတ်ခတ်နေတဲ့ အမှိုက်လိုအတွေးတွေကို ဘယ်စီပို့ပစ်ရမလဲဆိုတဲ့အမေးကို မောင်သိရင်ကောင်းမည်။
အဲ့ဒီအမေးကို မောင့်မျက်လုံးတွေကိုကြည့်ရင်း ပြောပြလို့ရရင် ကောင်းမည်။
မောင်ဟာလည်း သူ့မျက်လုံးတွေကိုကြည့်ပြီး သိသွားရင်ကောင်းမည်။

ANEMONE in Dark ParadiseWhere stories live. Discover now