4.1🦋🍂

101 24 9
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

အခန်း(၁)


စက်တင်ဘာဟာ မောင့်မွေးနေ့ရောက်ပြီဖြစ်သည်။
ကိုယ့်မွေးနေ့ကိုယ်တောင် အဲ့လောက်ရင်ခုန်လေ့မရှိပေမဲ့ မောင့်မွေးနေ့အတွက်တော့ ဘယ်လိုsupriseလုပ်ရမလဲ စဥ်းစားလိုက်၊ မွေးနေ့လက်ဆောင်ကိုစဥ်းစားလိုက်နှင့် တော်တော်ပြာယာခတ်နေမိသည်။
အချိန်တွေဟာ ကုန်လွယ်လှပြီး နောက်နှစ်ဖေဖော်ဝါရီဆို သူဘွဲ့ရတော့မည်။

အရေးကြီးတဲ့ ဘဝရဲ့အခန်းကဏ္ဍတစ်ခုကို ရောက်လာပြီထင်၏။

"ထူးထူးဆန်းဆန်း တစ်ယောက်တည်းကို ပြုံးနေတော့တာပါလားဆော့ဂျင်"

"မမ?"

"အိမ်ပြန်ရတော့မှာဆိုတော့ ပျော်နေတာပေါ့လေ ဟုတ်သလား?"

ဟောက်စ်အတူဆင်းရသော မမဟယ်ဂျူးက ကော်ဖီတစ်ဘူးနှင့် စတော်ဘယ်ရီကိတ်လေးကို ရှေ့သို့လာချပေးပြီး မျက်ခုံးလေးပင့်၍မေးသည်။
နှစ်တူပေမဲ့ အသက်အနည်းငယ်ကြီးတာကြောင့် မမဟုသာ ဆော့ဂျင်ခေါ်ဖြစ်၏။
ရှက်ဝဲဝဲနှင့် လည်ပင်းကိုပွတ်ကာ အမေးကိုလည်းခေါင်းခါပြလိုက်သည်။

"ဒီနေ့အလုပ်နည်းနည်းပိတယ် နော့်...မင်းနေ့လည်စာမစားရသေးတာသိလို့ အမဝယ်လာပေးတာ...အစာပြေစားထားပေါ့ ခဏနေပြန်ရတော့မှာဆိုတော့...အိမ်ပြန်ရောက်မှအဝစား"

"ဟီးဟီး...ကျေးဇူးပါမမ"

အချိန်က သံုးလပဲ ဖြစ်ပြီး အိမ်နဲ့ဒီလောက်ကြာအောင်မခွဲဖူးလို့၊ (မောင်နှင့်လည်း တစ်ခါမှမခွဲဖူးလို့) နေရတာအဆင်မပြေလှပါ။
အလုပ်တွေပိတာကြောင့် တကူးတကကြီးလွမ်းနေဖို့တော့ အချိန်မရပေမဲ့ ဥပမာအားဖြင့် ထမင်းစားခါနီးမှ အိမ်ကအစားအသောက်တွေနဲ့မာမီ့ကိုသတိရတာမျိုးတို့၊ ဆေးရုံက အတွဲလေးတွေမြင်ရင် မောင့်မျက်နှာကိုပြေးမြင်တာမျိုးတို့တော့ရှိသည်။

စတော်ဘယ်ရီကိတ်ရဲ့ ခပ်ချိုချိုအရသာလေးလို တွေးနေမိတော့လည်း မောင့်ကိုထပ်ပြီးသတိရသေးပြန်၏။

"အမတို့ပြန်ရမှာ ဒီအပတ်တနင်္ဂနွေနော်"

"ဟုတ်မမ"

ANEMONE in Dark ParadiseWhere stories live. Discover now