Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
မောင့်ကို စတွေ့ကတည်းက ရေးခဲ့တဲ့ ဒိုင်ယာရီ။
ခပ်ရိုးရိုး အညိုရောင်အဖုံးကို ထိတွေ့ပြီးတာနဲ့ ဆော့ဂျင်လက်ဖျားတွေအေးစက်သွားသည်။
ဒီစာအုပ်ကို သူမေ့ထားခဲ့တာ လက်ထပ်ဖို့ကိစ္စနဲ့မောင့်ကိုလမ်းခွဲခဲ့ပြီးကတည်းကပါ။
စာမျက်နှာတွေကိုဖွင့်ကြည့်ဖို့လက်ရွယ်ပြီးနောက်မှာ ဘယ်တော့မှဖွင့်မကြည့်တော့ဘူးလို့ချက်ချင်းဆုံးဖြတ်ပြီး လက်ကိုပြန်ရုတ်လိုက်သည်။သူစောင့်နေတာ ကင်မ်နမ်ဂျွန်းအသစ်ကိုပဲမဟုတ်လား။
သူ့ကိုချစ်ပေးမယ့်၊ သူနဲ့နားလည်မှုတွေထပ်တူကျမယ့်လူကို။
အတိတ်မှာ ညှိယူသလောက်ကိုအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တဲ့ ကင်မ်နမ်ဂျွန်းကိုမှမဟုတ်ပဲ။
အဲ့တာကြောင့် အတိတ်နဲ့ပက်သက်တဲ့အရာမှန်သမျှဟာ အတိတ်မှာကျန်ခဲ့တာပဲ ကောင်းပါသည်။"အယ်...ရေမချိုးသေးဘူးလားဆော့ဂျင်...စာအုပ်တွေကိုထားလိုက်တော့လေ ဒေါ်လေးဆက်သိမ်းလိုက်.."
"....."
အမှတ်တမဲ့သတိရမှုသာပါသော မျက်ရည်တွေကို ခပ်ဖွဖွဖယ်လိုက်ပြီး ဒေါ်လေးကိုမော့ကြည့်လိုက်သည်။
ထပ်ပြီး ဒါတွေကြောင့်မျက်ရည်မကျချင်၊ မငိုချင်တော့ပါ။
သူ့ရဲ့ဒီပုံစံကိုမြင်ရင် ဒေါ်လေးလို မောင်နဲ့သွေးရင်းသားရင်းတော်စပ်တဲ့လူဆို ဘယ်လောက်ခံစားရလိမ့်မလဲ။
အဲ့တာကြောင့်။"ဟို...ဘာ...ဘာမှမဖြစ်ပါဘူး...အရင်တုန်းကအကြောင်းတွေရေးထားတာပါ...ကျွန်တော်...ရေသွားချိုးတော့မယ်နော်"
ထရပ်လိုက်ရင်းက ပြန်လဲကျမလိုဖြစ်သွားပြီး ဒေါ်လေးက သမီးကိုချီထားရင်းနဲ့ အလျင်အမြန် လက်မောင်းကနေလာထိန်းပေးခဲ့သည်။
ကျေးဇူးတင်စကားပြောဖို့ လှည့်ကြည့်တော့ ဒေါ်လေးရဲ့မျက်လုံးတွေက သူကိုင်ထားတဲ့စာအုပ်စီမှာ။"အဲ့တာဘာလေးလဲဟင်"
မလုံမလဲဖြစ်မှုနဲ့ သမီးရဲ့အမေးကြောင့် စာအုပ်ကို ရုတ်တရက် လက်နဲ့ဖွက်လိုက်မိတော့ အကြောင်းအရင်းကို ဒေါ်လေးကရိပ်မိသွားသည့်ဟန်ပဲ။
YOU ARE READING
ANEMONE in Dark Paradise