9.2🦋🍂'S-1 ending'

151 16 12
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

Joon's pov

(၀)

မေ့မရသော အချိန်ပေါင်းများစွာနှင့် နေ့ပေါင်းများစွာထဲမှာ ကိစ္စအားလုံး၏အစချိန်ဖြစ်သော အကိုနှင့်တွေ့ဆုံသည့်နေ့ကို ချန်ခဲ့၍မရပါ။
သို့သော်ထိုနေ့ကို အကိုနှင့်တွေ့ဆုံသည့်နေ့ လို့ပြောတာထက် အကို့ကိုတွေ့ဆုံသည့်နေ့ လို့ပြောရင်အမှန်ဆုံးဖြစ်လိမ့်မည်။

Fresher partyလုပ်နေတဲ့ခန်းမထဲကို ဝင်လာတဲ့ စီနီယာကျောင်းသားတစ်ယောက်။
တစ်နည်းအားဖြင့် ဆရာဝန်လောင်းလေးပေါ့လေ။
ဘယ်ကိုမှ အာရုံပျံ့လွင့်နေခြင်းမရှိပဲ ဦးတည်ရာနေရာတစ်ခုစီသာတည့်တည့်မတ်မတ်လျှောက်သွားနေပြီး အကြည့်ထဲပါသွားတဲ့အသိလူတွေကိုတော့ ပြုံးပြနေခဲ့သည်။
ထိုအချိန်ကတည်းက သူ့ကိုမမြင်ခဲ့တဲ့ အကို့ရဲ့အာရုံထဲ တစ်ယောက်တည်းသောသူအဖြစ် နမ်ဂျွန်းပါဝင်ချင်ခဲ့သည်။

တစ်စုံတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိတဲ့အခါ ကမ္ဘာဟာ သုံးက္ကန့်လောက်ရပ်သွားတတ်သည်လို့ ဆိုကြပေမဲ့ သူ့အာရုံထဲ အကိုဝင်လာကတည်းက သုံးက္ကန့်မက ရပ်ပြီးနေပြီဖြစ်၏။

(၁)

ပြောရရင် အဲ့နေ့က အကို့ရဲ့မျက်နှာ၊ အကို့ရဲ့အပြုအမူ၊ အကို့ရဲ့အပြုံး။
အကုန်လုံးဟာ တက္ကသိုလ်အခုမှစတက်တဲ့သူ့ကို အရမ်းစိုးမိုးထားပြီးနေပါပြီ။

ကမ္ဘာဟာလည်း သိပ်အလိုလိုက်သည်။
လိုအင်ဆန္ဒတစ်ခုကို စွဲစွဲမြဲမြဲရှိလာတဲ့အခါ လွယ်လွယ်ကူကူပဲပျော်ရွှင်မှုကိုခံစားခွင့်ရခဲ့ပြီး နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေကိုတော့ နမ်ဂျွန်းလုံးဝမမြင်ခဲ့ပါ။

သိပ်ကိုကြည်နူးရတဲ့ထိုနေ့ဖြစ်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်လည်း ကံကောင်းလွန်းပါသည်။

"ဟို...ကျွန်တော်က"

ခပ်ကြောင်ကြောင်ဖြစ်နေသောမျက်နှာလေးကို ချစ်လွန်းလို့ နမ်ဂျွန်းမှာအဲ့အချိန်ကတည်းက ရင်တွေထဲထိန်းမရသိမ်းမရ။
ဆရာဝန် မဟုတ်ကြောင်း ငြင်းမှာကိုကြိုသိပြီးသားမို့ စကားပြောရင် ချွန်ထွက်လာတဲ့နှုတ်ခမ်းဖူးလေးကို နမ်းကြည့်ချင်စိတ်ကလေးအသာထိန်းကာ မူယာမာယာများပြရသည်။

ANEMONE in Dark ParadiseWhere stories live. Discover now