16🦋

109 17 10
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

ဟုတ်ပါသည်။
သူဟာ ဘယ်တုန်းကမှ အကို့ကိုတားခဲ့နိုင်သူ မဟုတ်ခဲ့ပါ။
အကိုထွက်သွားချိန်တွေတိုင်းမှာ သူ့ဒဏ်ရာတွေနဲ့သူ တစ်ကိုယ်ကောင်းဆန်စွာ နာကျင်နေခဲ့သူဖြစ်ပါသည်။
ဒါကြောင့်အခုတော့...
အကို့ကိုရအောင်တားမှဖြစ်မည်။

သူ့ဒဏ်ရာတွေအတွက် တကယ်လိုအပ်တဲ့ဆေးဟာ အကိုသာဖြစ်ပြီး အကို့ဒဏ်ရာတွေကိုလည်း သူပဲကုသပေးလိုတဲ့စိတ်ကြောင့် အကိုနောက်တစ်ကြိမ် သူ့စီကထပ်ပြီးထွက်သွားလို့မဖြစ်ပါ။

"ဒါပေမဲ့ အခုတော့ ရအောင်တားတော့မှာ..."

"....."

"အကိုထပ်ထွက်သွားလို့မရတော့ဘူး"

အကိုဟာ သူ့ကိုပြုံးယဲ့ယဲ့ကလေးကြည့်လာသည်။
ပြီးတော့ အဲ့ဒီအပြုံးအတိုင်းပဲ သူ့မျက်နှာကိုခပ်နာနာတစ်ချက် ဆွဲထိုးသည်။

"ဟဲ့...ဆော့ဂျင်! အမယ်လေး...မလုပ်နဲ့လေ"

ကားထဲကပြေးထွက်လာပြီး အကို့ကိုဆွဲတားတဲ့အမဟယ်ဂျူးကို နမ်ဂျွန်းပြန်တားပေးချင်မိသည်။
အကိုစိတ်ကျေနပ်သည်အထိ အထိုးခံပြီး သူလက်လျော့မည်မဟုတ်သည်ကြောင့်။

"ဒီမှာ...ဒီဘက်ပါးတစ်ဖက်ကျန်သေးတယ်...အကိုစိတ်ကြိုက်လုပ်ပစ်လို့ရတယ်နော်...ကိုယ့်ရင်ဘတ်တွေရော...ခြေထောက်တွေ လက်တွေရော အကုန်လုံး..."

"မင်းဒဏ်ရာက အဲ့လောက်ကလေး! အဲ့တာကြောင့် အသားနာတိုင်း အကုန်ပျောက်သွားလို့ရတာ! အေး! ငါကတော့မရဘူး! မင်းလုပ်ခဲ့သမျှတွေကို ဘာမှပြန်ကုလို့မရတော့ဘူး!!"

ငိုသံပေါက်လာတဲ့အကို့ကြောင့်နဲ့မှ သူပါဆက်ပြုံးမနေနိုင်တော့ပဲ ငိုချင်လာသည်။
မျက်ရည်တွေဟာ တူညီခဲ့တာပဲလားလို့လေ။
ချစ်တဲ့စိတ်နဲ့လုပ်ခဲ့မိတဲ့အမှားအတွက် အပြစ်ဒဏ်ကဒါပဲရှိတာဆိုတာ နမ်ဂျွန်းဟာ ဒါကိုလည်းလက်ခံနိုင်ဦးမှာမဟုတ်ပြန်ပါဘူး။

"ထပ်ပြောမယ်...ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင်ကြိုက်သလိုလုပ်နိုင်တယ်...အကို့ဒဏ်ရာတွေကိုပျောက်စေလိုပျောက်စေငြားပေါ့...ဒါပေမဲ့ ကိုယ့်စီကတော့ ထပ်ထွက်သွားလို့မရဘူးအကို! ကိုယ်နားမှာပဲ မင်းနေမှရတော့မယ်! ကိုယ့်ကို မင်းခံစားခဲ့ရသလို ပြန်ခံစားစေချင်တယ်ဆိုရင်တောင် မင်းကိုယ်တိုင် ကိုယ်နဲ့အတူနေပြီး ကိုယ့်ကိုတစစီဖျက်စီးပစ်ပေး"

ANEMONE in Dark ParadiseWhere stories live. Discover now