Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
Recommend song- Harry Styles (As it was)
"ဒေါက်တာကင်မ်?"
"ဒီကအဒေါ်က လူနာကင်မ်နမ်ဂျွန်းရဲ့ operationအတွက် အကူအညီတောင်းထားလို့ပါ...ဆရာကြီးကလည်း ခွင့်ပြုပါတယ်"
ဆေးရုံအုပ်ရဲ့ခွင့်ပြုချက်ရထားတာကို ပြောပြလိုက်မှ Nurseလေးက ခွဲခန်းတံခါးကိုအမြန်ဖွင့်ပေးလာသည်။
စိတ်ဆုံးဖြတ်ချက်အတိုင်း မျက်လုံးတွေကိုမှိတ်ကာ အသက်ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ့လက်ထဲမှာ မောင့်အသက်ဟာ ရှိနေသည်။
အဲ့တာကြောင့် အခုအချိန်မှာ သူဟာဒေါက်တာကင်မ်ဆော့ဂျင်ပဲ ဖြစ်နေသင့်သည်။
တခြားကိစ္စတွေထက် သူ့နှလုံးသား ဆက်လက်ရှင်သန်နေဖို့သာ အရေးအကြီးဆုံးဖြစ်သည်။ခွဲစိတ်မှုကို စနေပြီဖြစ်သော အဓိကဆရာဝန်နှစ်ယောက်က သူ့ကိုတစ်ချက်လှည့်ကြည့်ပြီး သူတို့အလုပ်ကိုဆက်လုပ်ကြသည်။
ပထမဆုံးမြင်လိုက်ရသော ဖန်ကွဲစငယ်တချို့စိုက်ထားပုံရတဲ့ လက်ဖမိုးတစ်ဖက်ကြောင့် သူ့စိတ်သူအပြင်းအထန်ထိန်းချုပ်ရသည်။
တစ်ဖက်မှာ သူ့ကိုယ်သူထိန်း၍ အိပ်ပျော်နေသည့်အတိုင်း လဲလျောင်းနေသောလူကို အကောင်းဆုံးတွေလုပ်ပေးနေပေမဲ့ တစ်ဖက်မှာတော့ မီးအလင်းရောင်စူးစူးတွေထဲမှာ သူပါမျက်လုံးတွေပြာဝေနေရသည်။
.
.
.လက်ဆေးကြွေကန်အဖြူထဲက သွေးချင်းချင်းနီနေသော သူ့လက်အိတ်တွေကိုသေချာကြည့်ကာ ကင်မ်ဆော့ဂျင်ဟာ ထပ်ပြီးငိုရပြန်ပြီ။
ဘယ်သူမှမသိပေမဲ့ မှန်ထဲကသူ့မျက်နှာကတော့ သိနေပြန်ပြီး ရေနဲ့မဆေးချပစ်ရက်တဲ့လူရဲ့ အသက်တွေကို သူဘယ်လိုသိမ်းထားရပါ့မလဲ။"ကျေးဇူးတင်ပါတယ်...ကျေးဇူးပါပဲ..."
ရေရွတ်ပြောပြီးနောက် ထပ်ပြီး ပျော်လို့ကျလာတဲ့မျက်ရည်တွေ။
သူလုပ်နိုင်ခဲ့ပါပြီ။
ဒါဟာ သူ့ဘဝရဲ့အောင်မြင်မှုတွေလို့ဆိုလို့ရတဲ့အထဲက တိုင်းတာမရနိုင်တဲ့ တစ်ခုတည်းပါပဲ။ထပ်ပြီးကျေးဇူးပါပဲ မောင်ရယ်။
ဆက်ပြီး အသက်ရှင်နေပေးလို့ တကယ် ကျေးဇူးပါပဲ။
YOU ARE READING
ANEMONE in Dark Paradise