Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
"အမြဲတမ်းသိခဲ့တယ်မဟုတ်လားဟင်...ကိုယ် မင်းကို...အမြဲချစ်နေတုန်းပဲ ဆိုတာကိုလေ"
ငုံ့ကြည့်၍ခေါင်းငြိမ့်ပြတော့ သူ့မျက်ရည်တွေကိုဖယ်ပေးနေတဲ့ ကတုန်ကရင်လက်ချောင်းလေးတွေကိုယူကာ နမ်ဂျွန်းနမ်းလိုက်သည်။
အားနာလွန်းလို့ ရူးမတတ်ဖြစ်ရသလို ပျော်လွန်းလို့လည်း ရူးမတတ်ဖြစ်ရမလို။
မလွှတ်ချင်တော့လောက်အောင် ဖက်တွယ်ရင်း သူ့အတွက်ပေးလာတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို အကိုကျေနပ်အောင် လုပ်ပေးမည်ဟု ကိုယ့်ကိုကိုယ်အရင်ဆုံး ကတိပေးလိုက်သည်။"ကျွန်တော်တို့တွေ ချစ်နေရဲ့သားနဲ့ နားလည်မှုလွဲတာတွေများလွန်းလို့...ဒီလိုအခြေအနေတွေကို ကျွန်တော်ကြောက်နေပါပြီမောင်ရယ်...ကျွန်တော်တို့နှစ်ယောက်စလုံး ဘယ်လောက်ပင်ပန်းနေရလဲ မောင်သိပါတယ်"
နမ်ဂျွန်း ခေါင်းငြိမ့်လိုက်သည်။
အကို သူ့ကိုအခွင့်အရေးပေးလာပေမဲ့ ဒီတိုင်းတော့အဆင်မပြေတာကို သူသိပါသည်။အကိုပြောသလို ဒဏ်ရာတွေများနေပြီမို့ အဲ့တာတွေကိုပြောင်းလဲနိုင်ဖို့ အချိန်ကတော့လိုအပ်လိမ့်မည်။
ကိုင်ထားတဲ့အကို့လက်လေးကို ပိုပြီးတင်းကျပ်လိုက်မိသည်။"အဲ့တာကြောင့် ကျွန်တော် ဒါကိုပဲစဥ်းစားမိလို့ပါ...ကျွန်တော်တို့နှစ်ယောက်လုံး..."
"....."
"အသစ်ကနေ ပြန်ချစ်ကြရင်...အဆင်မပြေဘူးလား"
🦋
လှစ်ခနဲ တစ်ချက်ပြုံးပြီးနောက် ခေါင်းကိုခဏငုံ့လိုက်သည်။
သူ့အသံမရှိတော့တာနဲ့ ချက်ချင်းတိတ်ဆိတ်သွားတဲ့အခန်းက ရှိနေသောလူသုံးယောက်ရဲ့ အတွေးကိုယ်စီကို သီးသန့်ဖြစ်နေစေသည်။"အဲ့တော့ ဘာဆက်ဖြစ်ကြမှာလဲ"
အားမလိုအားမရဖြစ်သော အသံနှင့် မင်ဂျီ့မေးခွန်းကို ဆော့ဂျင်သဘောကျမိကာရယ်ရင်း ဒယ်ဒီ့မျက်နှာကိုပြန်မော့ကြည့်လိုက်သည်။
အချိန်တွေအကြာကြီး သူနဲ့အလှမ်းဝေးနေခဲ့သူ ဒယ်ဒီဟာ အခုတော့လည်းသူဝမ်းနည်းရင် စိတ်မကောင်းဖြစ်တတ်သလို သူပြုံးရယ်နေရင်လည်းသဘောကျနေတတ်တဲ့အထိ သားသမီးတွေကိုသိပ်ချစ်တဲ့အဖေတစ်ယောက်မှန်း သိရှိရပါသည်။
YOU ARE READING
ANEMONE in Dark Paradise