Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
(a piece of episode 9.1-joon's pov)
လက်ဖဝါးအချင်းချင်း စုတ်ပြတ်မတတ် ပွတ်နေမိပြီး နမ်ဂျွန်း သူ့စိတ်သူအတတ်နိုင်ဆုံး ထိန်းနေသည်။
တွေ့ခဲ့မြင်ခဲ့ရတာကို မယုံကြည်နိုင်ပေမဲ့ ဒီနေရာမှာပဲ အကိုလာရှင်းပြမှာကို ထိုင်စောင့်နေ၍မရပါ။
အရင်ကလို စိတ်ဆိုးစိတ်ကောက်ချင်ယောင် ဆောင်ပြီးတော့တောင် နေလို့မရတဲ့ အလေးအနက်ကိစ္စတစ်ခုဖြစ်နေမှန်း တွေ့ခဲ့ရတဲ့ အကို့မျက်လုံးတွေကနေ သိရပြီးပြီပဲ။"ဟော...စောသားပဲနမ်ဂျွန်း...သူငယ်ချင်းတွေရော ပြန်သွားကြပြီလား...ဒေါ်လေးက ဒီကိုခဏဝင်ကြဦးမယ်ထင်တာ"
စိတ်တွေက လွင့်တစ်ချက်လွတ်တစ်ချက်ဖြစ်နေပြီး ဒေါ်လေးသာစကားတွေပြောနေပေမဲ့ သူငေးငိုင်နေဆဲ။
စိတ်ထဲမှာ ချက်ချင်းပေါ်လာတဲ့ အကြံတစ်ခုကို သေချာတွေးကြည့်ပြီးနောက် အခုချက်ချင်း သွားရင်ဆိုင်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဖြစ်ချင်ရာသာ ဖြစ်ပါစေတော့။
ဘာမှ ဆက်မစဥ်းစားနေနိုင်တော့ပါ။"ဘယ်သွားဦးမလို့လဲသား"
"အကို့စီ"
ဖိနပ်ကိုခပ်မြန်မြန်စီးကာ အပြေးတစ်ပိုင်းနှင့် အကို့စီရောက်ဖို့သာ စိတ်လောနေခဲ့သည်။
နားလည်ခဲ့တာတွေ၊ ယုံကြည်ခဲ့ရတာတွေက မရိုးရှင်းနိုင်တော့တဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ ရောက်နေပြီဆိုတာ သေချာနေလို့။"ထီးယူသွားဦးလေ...အပြင်မှာမိုးရွာတော့မှာ!"
လွယ်လွယ်ကူကူ ရရှိထားတာမဟုတ်တဲ့ သက်ရှိလေးကို အခက်အခဲတွေအများကြီးထဲမှာ လက်လွှတ်လိုက်ရမှာ သူသိပ်ကြောက်ခဲ့သည်။
.
.
."လာ..ထိုင်ဦး နမ်ဂျွန်း...ဆော့ဂျင်ကတော့ ဂျီဆွန်းကိုပြန်လိုက်ပို့ပေးရလို့ ခဏနေတော့ပြန်ရောက်ပါလိမ့်မယ်...အရေးမကြီးဘူးမဟုတ်လား"
အချိန်တိုလေးအတွင်းမှာ ပြီးသွားရမယ့် ပြဿနာဟာ လူနှစ်ယောက်ကြား ရှေ့ဆက်နိုင်စရာရယ်လို့ မရှိတော့တဲ့အခါ အဲ့လိုကို လွဲစရာမရှိပဲလွဲဖြစ်အောင်လွဲသည်။
အကို့ကိုချစ်တဲ့နောက်မှာ သူ့အတ္တတချို့က အမြဲတမ်းပါလာသည်။
သူကတော့ ဒီလောက်ပူလောင်နေရတဲ့အချိန်မှာ အကိုကတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ အတူရှိနေတာပဲဆိုတဲ့ အခြေအနေက အတွေးတွေကို ကတိုက်ကရိုက်ဖြစ်စေခဲ့သည်။
ပြာယာနေတဲ့ပုံစံကို မရမကထိန်းကာ အကို့အိမ်ထဲမှာ အကိုမရှိတဲ့အချိန်မှ ပထမဆုံးအကြိမ်အဖြစ် ရောက်သွားခဲ့ရသည်။
YOU ARE READING
ANEMONE in Dark Paradise