Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
(a piece of episode 1- Joon's pov)
"ဒေါက်တာကင်မ်ဆော့ဂျင် dutyရှိလားဆရာမ"
အချိန်အတော်ကြာ ငြိမ်သက်သွားခဲ့ပြီဖြစ်တဲ့ နှလုံးသားဟာ သူ့အနောက်က အမျိုးသမီးတစ်ယောက်ရဲ့ အမေးစကားကြောင့် အသက်ပြန်ငင်လာတဲ့အခိုက်အတန့်တစ်ခုလို လှုပ်ရှားသွားခဲ့သည်။
သူ့လက်မောင်းကို ကိုင်ထားတဲ့ ဟေရီရဲ့လက်နဲ့အုပ်ကိုင်ထားတဲ့ ဗိုက်ကိုတစ်ချက်ကြည့်ကာ တစ်ဖက်ကစကားဝိုင်းစီ အာရုံပြန်ရောက်သွားသည်။"ဟုတ်ကဲ့ ရှိပါတယ်...ဆရာနဲ့ ပြမယ်ဆိုရင်တော့ ရှေ့မှာတစ်ယောက်ရှိသေးတာမလို့ ခဏစောင့်ပေးပါအမ"
Nurseလေး၏စကားကြောင့် နမ်ဂျွန်း မျက်တောင်နှစ်ချက်လောက်ခတ်ပြီး စိတ်ထဲတော်တော်လှုပ်ရှားသွားသည်။
သူနဲ့ပြန်မတွေ့နိုင်တော့ဘူးလို့ ထင်ထားတဲ့အကိုက...
ဒီမှာရှိနေတာတဲ့လား။"ဟေ့..ဘာတွေစဥ်းစားနေတာလဲ"
လက်ကိုလှုပ်ကာမေးလာတဲ့ ဟေရီ့ကိုခေါင်းခါပြလိုက်ပြီး စိတ်ထဲကိုနက်နဲစွာဝင်လာတဲ့ဆန္ဒတစ်ခုကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်၏။
သူ အကို့ကိုတွေ့ချင်သည်။
အကို့မျက်နှာကို ခဏလောက်လေးပဲဖြစ်ဖြစ် မြင်ချင်သည်။"နင့်အလှည့်ရောက်တော့မှာနော်"
"အေးလေ"
"ဟေရီ...ငါ...အားနာပါတယ်...ငါကိစ္စလေးတစ်ခုရှိလို့ နင်တစ်ယောက်တည်း ပြလိုက်လို့အဆင်ပြေမလား"
ဟေရီက မျက်နှာလေးတော့ တစ်ချက်ငယ်သွားပါသည်။
ဒီနေ့က Ultrasoundရိုက်မယ့်နေ့မလို့ သူကိုယ်တိုင်ဂရုစိုက်ပေးပါ့မယ်လို့ ကတိပေးထားပြီးမှ ကတိပျက်သလိုဖြစ်သွားရသည်လေ။
ဒါပေမဲ့ နားလည်တာကြောင့်နဲ့ နမ်ဂျွန်းကိုအမြဲအားနာနေတတ်တာကြောင့် "ရပါတယ်"လို့ပြောကာ ခေါင်းလေးငြိမ့်ပြသည်။"ကျေးဇူးနော်"
"ရပါတယ်ဆို...ကိစ္စကအရေးကြီးလား"
အစောကNurseလေးစီသွားမယ်လုပ်ပြီးမှ ဟေရီ့ဘက်ကိုပြန်လှည့်ကာ မချိပြုံးတစ်ချက်ပြုံးလိုက်သည်။
သူ့ကိစ္စကို ဟေရီလည်းသိနေတာပဲဆိုတော့ အမှန်အတိုင်းပြောလိုက်တာက အဆင်ပြေပါသည်လေ။
YOU ARE READING
ANEMONE in Dark Paradise