Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
*Good Morningပါ အချစ်
ဒီမနက်ခင်းက အရင်နေ့တွေထက် ထူးခြားနေတာမို့လို့ ကိုယ်မင်းနဲ့ထပ်တူရင်ခုန်နေရတယ်
ဘွဲ့ဝတ်စုံနဲ့ မင်းနဲ့ဘယ်လောက်လိုက်ဖက်နေမလဲဆိုတာ ကိုယ်ကသေချာကြည့်နေမှာနော်
အဲ့တာကြောင့် မင်းကတော့ဘာကိုမှမတွေးပဲ ပျော်ပျော်နေ
ပြီးရင်တော့ ကိုယ်နဲ့ပဲအချိန်ကုန်ပေး
ချစ်တယ် ကိုယ့်အချစ်
ကိုယ်မင်းကို သိပ်ချစ်တာပဲ*မနက်5နာရီအတိကတည်းက ပို့ထားတဲ့messageလေးကို ခဏခဏပြန်ဖတ်ရင်း ဆော့ဂျင်ကြည်နူးရသည်။
ကိစ္စတိုင်းကို ပွင့်လင်းသင့်သလောက်ပွင့်လင်းပြီးနောက်ပိုင်း ပို၍ရင့်ကျက်လာသောမောင့်ကို ချစ်ပြီးရင်းချစ်မိသည်။
မိသားစုဓာတ်ပုံရိုက်နေသော အချိန်တွင်ပင် ဒီကအပြန် မောင်နှင့်တွေ့ရမည်ကို တွေးရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်ရသည်။"အချစ်!"
Toiletသွားသောလမ်းမှာ အနောက်ကအပြေးတစ်ပိုင်းနှင့်သူ့စီလာနေသော မောင့်ကိုမြင်သည်နှင့် ဆော့ဂျင်မျက်နှာအရောင်လတ်သွားခဲ့သည်။
ဒယ်ဒီတို့လည်း ခန်းမထဲမှာရှိနေတာမို့ မောင်နှင့်ခဏတော့အချိန်ကုန်လို့ရလောက်ပါသည်။"ဟား...ကံကောင်းလိုက်တာ...ပြီးတော့မှတွေ့မယ်ထင်တာ အခုကတည်းကတွေ့ရတော့ ကိုယ်ကံကောင်းတာပဲ"
"ဟုတ်ပါ့...Toiletမှာတောင် ရေစက်ဆုံတာပဲ ဟီဟီး"
ဆော့ဂျင်ကလေးတစ်ယောက်လို အပူအပင်မဲ့ ပျော်ရွှင်နေပုံကို မောင်ကသဘောကျစွာပြုံးကြည့်ပြီး ခပ်ဖွဖွလေးသာတစ်ချက်ဖက်သည်။(ဝတ်စုံပုံပျက်သွားမှာစိုးရိမ်သည်ထင်၏)
"ကိုယ်က မင်းကိုတွေ့လိုက်လို့ နောက်ကလိုက်လာတာ အချစ်လေးရဲ့...ရော့...မင်းအတွက်.. Congratulations Dr.Kim Seokjin"
ကျူးလစ်အဖြူနှင့်နှင်းဆီတွေရောထားသော ပန်းရောင်ပန်းစည်းလေးကို မောင်ကသူ့လက်ထဲသေချာစွာထည့်ပေးပြီး နင့်သီးစွာ ဂုဏ်ယူရသောနာမ်စားကိုခေါ်ဆိုကာ လက်ဖမိုးပေါ်ငုံ့နမ်းသည်။
ဆော့ဂျင်မျက်ရည်ကျမတတ် ရင်ခုန်ရပြီး ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲလို့သာ ကိုယ့်ကိုကိုယ်ပြန်မေးနေရသည်။
ကိုယ့်စိတ်ကိုထိန်းမနေတော့ပါပဲ လူမရှိသော အခန်းတွေရှေ့တွင် မောင့်မျက်နှာကိုဆွဲယူနမ်းရှိုက်လိုက်ခဲ့သည်။
YOU ARE READING
ANEMONE in Dark Paradise