Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
"မိုးရွာတော့မှာပဲ"
မှတ်တိုင်ဆင်းမည့်ကောင်မလေးတစ်ယောက်စီက ကြားလိုက်ရတဲ့အသံကြောင့် အပြင်ကိုကြည့်ကာ ဖုန်းထုတ်လိုက်သည်။
မောင့်ကိုဖုန်းဆက်ရလိမ့်မည်။"မောင်...ကျွန်တော်ရောက်တော့မယ်နော်"
သူဆင်းရမယ့်မှတ်တိုင်စီလည်း ရောက်တော့မည်။
နေ့လည်1နာရီအချိန်ဖြစ်သည်မို့ ဘတ်စ်ကားပေါ်တွင် လူမကျပ်လှသော်ငြား ချောင်လှသည်လည်းမဟုတ်ပါ။
အဲ့လိုဆိုတော့ တမင်ထားခဲ့သောကိုယ့်ကားကိုယ် သတိရသလိုရှိပြီး နဘေးခုံမှာထိုင်နေသော အမျိုးသမီးက စူးစူးစမ်းစမ်းမော့ကြည့်၍ "မောင်"ဆိုတဲ့ နာမ်စားကို အဖြေရှာနေပုံရှိသည်။
ဒီလိုအကြည့်မျိုးတွေ ရရှိတာမစိမ်းပါသော်လည်း လူရှိန်တတ်တဲ့သူ့အတွက် အခုလည်း လက်ဖျားတွေအေးသွားရပြန်ပြီ။ကားကအရှိန်လျော့သွားသည်။
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်ပြီး မောင်နဲ့အတူ ရှားရှားပါးပါး နေ့လည်စာDateကြမည်မို့ ရင်တွေခုန်သည်။
"ကိုယ် စောင့်နေမယ်"ဆိုတဲ့ စကားလေးကြောင့် လက်ရဲ့အအေးဓာတ်လေးတွေ လျော့သွားရပါသည်။ဆိုင်တံခါးမှာချိတ်ထားတဲ့ကဒ်လေးက အပြင်ကကြည့်ရင် Closeလို့ မြင်နေရသည်။
ဆိုင်မှာ ဒေါ်လေးမရှိဘူးနေမည်။
ဆိုင်စောင့်ပေးနေကျကောင်လေးက ဒီနေ့မှဆိုင်ကို ပိတ်ပါပိတ်ထားလို့ ဒေါ်လေးသိရင်တော့ သူတို့နှစ်ယောက်လုံး အဆူခံရနိုင်ဖွယ်ရှိ၏။
လက်မှာချိတ်ယူခဲ့တဲ့ ဆွယ်တာလိမ္မော်ရောင်လေးကို ခပ်ထွေးထွေးပွေ့ပြီး Dateအတွက် သေသေချာချာကို မောင်ပြင်ဆင်ထားမှန်းခံစားရတာမို့ ရှက်ပြုံးကလေးပင်ပြုံးရသေး၏။
တံခါးကိုခပ်ဖြည်းဖြည်း တွန်းဖွင့်လိုက်တဲ့အချိန်ကတည်းက ပန်းရနံ့မျိုးစုံကြားမှာ ချစ်ရတဲ့ Lolipopရနံ့တွေ ရောနှောနေလေသည်။"မောင့်!"
"Darling...ရောက်ပြီပဲ"
ကောင်တာပေါ် ခြေတံရှည်ရှည်တွေတင်လို့ ထိုင်ခုံမှာမှီထိုင်နေတဲ့ မောင်က ဆော့ဂျင်ကိုတွေ့တာနဲ့ ချက်ချင်းအနားပြေးလာသည်။
ခေါ်နေကျ "အကို"ဆိုတဲ့ နာမ်စားကနေ Darling လို့ပြောင်းခေါ်တဲ့အချိန်မျိုးဆို ဆော့ဂျင်ရင်တွေ အဆမတန်ခုန်ရသည်။
YOU ARE READING
ANEMONE in Dark Paradise