Unicode
𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲
ကတ္တရာလမ်းမျက်နှာပြင်ပေါ် အရှိန်ပြင်းပြင်းလျော့ပစ်လိုက်တဲ့ ကားဘီးတွေရဲ့ပွတ်ဆွဲသံက ကျယ်လောင်စွာ ထွက်လာသည်။
လဲကျသွားမယ်ထင်ထားပေမဲ့ ခန္ဓာကိုယ်က တစ်စုံတရာပြောင်းလဲခြင်းတောင်ရှိမသွားပဲ အစောကလမ်းလျှောက်နေကြတဲ့ ခြေသံတွေ၊ လူတွေရဲ့စကားပြောသံတွေ၊ မောင့်ရဲ့အထိတ်တလန့်အော်လိုက်သံတွေ မရှိတော့တဲ့ ပတ်ဝန်းကျင်ကတော့ ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။"သမီး....သမီးလေး"
ဘာမှမဖြစ်တော့ပါဘူး။
ကာကွယ်ပေးခဲ့ပြီးပြီ။မျက်လုံးတွေပြန်မဖွင့်မိသေးပေမဲ့ ကလေး အန္တရာယ်ကင်းသွားပြီမို့ ခြေဖျားလက်ဖျားတွေစီက အအေးဓာတ်တွေ ပြေလျော့သွားခဲ့သည်။
ဒါပေမဲ့...
အခုသူဟာ ဘာဆက်လုပ်ရမှာလဲ။"သေချင်လို့ လမ်းပေါ်တက်လာတာလား! ကားလာနေတာကိုလေ!"
ကားပေါ်ကဆင်းလာတဲ့ အမျိုးသမီးက နေရင်းထိုင်ရင်း ကြားဝင်လိုက်တဲ့သူ့ကိုသာမြင်တာကြောင့် ဒီလိုအပြစ်တင်စကားကြားရသည်မှာ မထူးဆန်းပါ။
အဲ့တာထက် ဆော့ဂျင်ကြောက်တာတစ်ခုပါပဲ။
အစအဆုံးအကုန်မြင်တဲ့လူတွေထဲမှာ သူ့ဘက်ကကြားဝင်ဖြေရှင်းပေးမယ့်လူဟာ မောင်ဖြစ်နေမှာကိုလေ။"ဒီလိုမဟုတ်ရင် မင်းရဲ့ကားက ကလေးကိုတိုက်မိမှာလေ"
"ဘာ"
အနောက်ကအဖြစ်အပျက်ကို အခုမှမြင်ပြီး လှမ်းကြည့်ကာ တအံ့တသြပုံစံပြောင်းသွားသည်။
အခုအချိန်မှာ သူ့အနောက်ကလူတွေထဲ မောင်ရှိနေသေးတယ်ဆိုတာ လှည့်မကြည့်ပဲ သိတာကြောင့် ဒီကနေထွက်သွားလိုက်ချင်ပါပြီ။
လုပ်မိလုပ်ရာ လုပ်ရပ်အပေါ်ဘာမှမဖြစ်မိပဲ ဒီလိုစောင့်ကြည့်နေမိတာကိုပဲ နောင်တရတော့သည်။
ဒီလိုနဲ့ သူဆိုတာ မောင်သာသိသွားခဲ့ရင်ရော?"အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်...မဟုတ်ရင်လည်း မင်းအခုအချိန်ပြဿနာတက်နေလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်...အဲ့တာကြောင့် ကလေးနဲ့သူ့အဖေကို စကားပြောတာဖြစ်ဖြစ် တောင်းပန်တာဖြစ်ဖြစ်လုပ်လိုက်ပါဦး"
YOU ARE READING
ANEMONE in Dark Paradise