13🦋

104 14 2
                                    

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

"ငါဘယ်လောက်သစ္စာရှိတယ်ဆိုတာပြဖို့ အဲ့ဒီနည်းတစ်ခုပဲ ရှိခဲ့တာလေ"

မွန်းကြပ်သွားတဲ့စိတ်နဲ့ အသက်ရှူထုတ်ပြီး ပြန်ရှူသွင်းတဲ့ လေထုထဲမှာလည်း မွန်းကြပ်လာပြန်တဲ့အသက်ရှူငွေ့တွေ။
အကိုက ပြုံးနေသည်။ ဒါပေမဲ့ ခပ်ယဲ့ယဲ့ကလေး။
အားနာစိတ်နဲ့ အပြစ်မကင်းတဲ့အသိကို တစ်ချိန်တည်း ချက်ချင်းခံစားလိုက်ရတဲ့အခါ နမ်ဂျွန်းခဏလောက်တော့ သေသွားလိုက်ချင်သည်။
သူက...သူက အကို့ကို အပြစ်တွေပဲပုံချခဲ့တဲ့သူဖြစ်နေခဲ့တာလား။

"ဒါပေမဲ့ မင်းစိတ်မပူပါနဲ့...ငါမင်းကို စောင့်မနေပါဘူး"

အထိတ်အလန့်မော့ကြည့်လိုက်သော်လည်း အကိုပြောနေတာက ပြုံးနေလျက်နှင့်တောင် အလေးအနက်။
လမ်းကြောင်းတွေ မတူခဲ့ကြပေမဲ့ တစ်ချိန်ချိန်ကျရင်တော့ သူတို့လမ်းဆုံတစ်ခုမှာ ပြန်ဆုံနိုင်ကြမယ်ထင်ခဲ့တာ။
အကို့ကို စောင့်နေရင်းလေ။
အကိုကတော့ သူ့ကို စောင့်မနေပါဘူးတဲ့။

ငါးနှစ်ကျော်တဲ့အထိ စွဲစွဲမြဲမြဲဆုပ်ကိုင်ထားခဲ့တဲ့ အဲ့ဒီမျှော်လင့်ချက်ကို အကိုကိုယ်တိုင်လက်လွှတ်ချဖို့ တွန်းအားပေးနေသည့်အတိုင်း။

"ကောင်းပါပြီ"

"....."

"အခု...ကိုယ်ပြန်မယ်အကို...ကိစ္စမရှိရင် မင်း မလာစေချင်သလို ကိုယ်ထပ်မလာတော့ဖို့ သေချာပါတယ်"

"ကျေးဇူးပါပဲ"

နားမလည်နိုင်။
အကို သူ့ကိုထပ်ပြီးဟန်ဆောင်ပြန်ပြီလားလို့တောင် တွေးမိတဲ့အထိ သူ့ကိုကျောပေးထားရာက ပြန်လှည့်လာတဲ့ အကို့မျက်နှာအား သေချာကြည့်လေ နားမလည်နိုင်လေ။
နမ်ဂျွန်းစိတ်ထင်နေခဲ့သော ကိစ္စဟာ အမှန်တကယ်ဖြစ်လာကတည်းက၊ သမီးကို ကယ်လိုက်တဲ့ကိစ္စမှာကတည်းက နောက်ကျောလေးကိုပြန်မြင်ရုံနဲ့ ချက်ချင်းမှတ်မိနေခဲ့တာမလို့ အကို သူ့နားကိုရည်ရွယ်ချက်ရှိရှိ ပြန်ရောက်လာပြီးမှ ဘာလို့သူ့ကိုနှင်နေရတာလဲ။
သူသိခဲ့တဲ့ အကို့ပုံစံက ဒီလိုလျို့ဝှက်လွန်းတဲ့အပြုအမူတွေ ရှိခဲ့တာမှမဟုတ်ပဲ။

ANEMONE in Dark ParadiseWhere stories live. Discover now