အခန်း { ၇ }

1.1K 53 0
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း {၇}

ပြတင်းတခါးမှ ခန်းစီးလိုက်ကာစလေးသည် လေနှင်ရာအတိုင်း လှုပ်ခတ်ရွေ့လျားနေလေသည်။ လေနုအေးများက တိုက်ခတ်နေပေမယ့်လည်း အေးချမ်းမှု မရှိပဲ လွမ်းရိပ် ပူလောင်နေရသည်။

"ကနေတာ တစ်ညနေ ကုန်တော့မယ်... ခုထိ တစ်ယောက်နဲ့ တစ်ယောက် ဟန်ချက်မညီသေးဘူး... အဓိက က တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှနေရမှာ"

အစ်မဖြစ်သူ စကားကြောင့် မင်းစံအိမ်မှာ စူပွပွလေးဖြစ်သွားသည်။

"ကျွန်တော်တို့လည်း ကနေတာပဲလေ... သူဟာသူ မရတာကတော့ ဘယ်တတ်နိုင်မလဲ"

"တစ်ယောက်နဲ့ တစ်ယောက် မထိချင်သလို လုပ်နေကြပြီးတော့ မောင်မင်းကြီးသား ပြောတတ်တယ်နော်"

မောင်ဖြစ်သူ၏ စကားကို ရွှေစံအိမ် ခွန်းတုံ့ပြန်လိုက်လေသည်။

သူမလည်း စိတ်ညစ်လှပါပြီ။ မောင်ဖြစ်သူ မင်းစံအိမ်နှင့် လွှမ်းရိပ်ကို ပြောရလွန်းလို့ ရွှေရွှေမှာ လည်ပင်းပင် နာနေပြီ ဖြစ်သည်။

"သေသေချာချာလေး ပြန်ကကြမယ်နော်... သရုပ်ပြတာက အပြောင်အပျက်ဆိုပေမယ့်လည်း စည်းချက်ကျကျနဲ့ ကကွက်တွေကို မှန်မှန် ကပြီး တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှနေရမယ်... ကဲ မကခင် မမတို့ စုံညီပွဲတုန်းက ကထားတဲ့ ဗွီဒီယိုကို တစ်ခေါက်လောက် ပြန်ကြည့်လိုက်ပါဦး... သီချင်းလည်း ရပြီးပြီဆိုတော့ သိပ်မခက်ပါဘူးကွာ... တစ်ယောက်နဲ့ တစ်ယောက် ရွံသလို ချဉ်သလို လုပ်မနေရင် အဆင်ပြေပြီ"

မရွှေစံအိမ် ပြောသည့်စကားများကို လွှမ်းရိပ် သေချာနားထောင်နေသည်။

အကလေ့ကျင့်သည်မှာ ကြာနေပြီဖြစ်သော်လည်း လွှမ်းရိပ် နှင့် ဘဝင်ရူးကောင်မှာ ယခုထိကို အဆင်မပြေသေးပါ။

လွှမ်းရိပ်သည် ဉီးရွှေရိုးနေရာမှာ ကပြသရုပ်ဆောင်ရမည် ဖြစ်သောကြောင့် မမိုးနေရာတွင် ကပြသရုပ်ဖော်မည့် ဘဝင်ရူးကောင်ကို ပိုးပမ်းသည့်ပုံစံ ကပြရမည်မှာ လွှမ်းရိပ်အဖို့ ခက်ခဲလှပါသည်။

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Where stories live. Discover now