🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း {၁၈}
အေးမြသည့် ရေစက်၊ရေပေါက်လေးများသည် မင်းစံအိမ်၏ ခန္ဓာကိုယ်ထက်ဝယ် ကူးလူးဖြတ်သန်းလျက်ရှိသည်။
ရေစက်လေးများ၏ အေးမြမှုကို မခံစားရပါပဲ မင်းစံအိမ်၏ ရင်ထဲ၌ ပူလောင်တင်းကြပ်လို့နေလေသည်။ ထိုရေစက်လေးများသည် မင်းစံအိမ်၏ ရင်ထဲမှ ပူလောင်မှုကို မငြိမ်းသတ်ပေးနိုင်ပါလေ။
မိမိကို မချစ်၊ မနှစ်သက်သည့် လူတစ်ယောက်ကို ချစ်မိနေခြင်းသည် တစ်ခါတစ်ရံမှာ နာကျင်မှုများကို ပေးစွမ်းလေသည်။ သို့ပေမယ့်လည်း ထိုနာကျင်မှုကို ကျွန်ုပ်တို့မှာ နှစ်သက်လို့နေလေသေးသည်။
မိုးရေများရွဲစိုနေသည့် လွှမ်းရိပ်လေးကို သတိရသွားသောကြောင့် မနှစ်မြို့ဖွယ်ကောင်းသည့် အတွေးစများကို ဖြတ်ပြီး မင်းစံအိမ် ရေချိုးခြင်းကို အလျင်အမြန် ဆောင်ရွက်လိုက်ပါသည်။ ထိုကောင်လေးကို မင်းစံအိမ် နည်းနည်းမျှ မထိခိုက်စေလိုပါ။
မင်းစံအိမ် ရေချိုးပြီးသည့်တိုင် လွှမ်းရိပ်သည် ဆိုင်ကယ်နားမှာပဲ ကုန်းကုန်းကွကွဖြင့် ရှိနေသေးတာ ဖြစ်သည်။ တစ်ကိုယ်လုံး စိုရွဲနေသည့် လွှမ်းရိပ်ကို ကြည့်ပြီး မင်းစံအိမ်မှာ ဗျာများနေရသည်။
မင်းစံအိမ် သွားပြောလိုက်လျှင် လွှမ်းရိပ် စိတ်ဆိုးကာ အော်မည်ကိုလည်း ကြောက်သည်။ နောက်ဆုံးတော့လည်း ရေစက်လက်ဖြင့် အအေးပက်မည်ကို စိုးရိမ်သောကြောင့် ထိုကောင်လေးနားသို့ မင်းစံအိမ် သွားလိုက်မိသည်။
"လွှမ်းရိပ်"
သာယာနာပျော်ဖွယ်ကောင်းပြီး ချိုမြကြည်ရှသည့် အသံလေးသည် လွှမ်းရိပ်၏ နားစည်မှတဆင့် နှလုံးသားထဲသို့ ဖြတ်သန်းစီးဆင်းသွားသည်။
အိန်း ရေချိုးပြီးသည်ကို စောင့်နေရင်း ဆိုင်ကယ်စက်သံက သိပ်မမှန်သည်မို့ လွှမ်းရိပ် လိုအပ်သည်များကို ကြည့်နေတုန်း အေးမြသည့် ခေါ်သံတိုးတိုးလေးကြောင့် လှည့်ကြည့်လိုက်မိသည်။
"လွှမ်းရိပ်"
အိန်းသည် လွှမ်းရိပ်၏ အမည်ကို ထပ်၍ ခေါ်လာလေသည်။
VOCÊ ESTÁ LENDO
လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed]
Romance🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...