အခန်း {၂၃}

826 40 2
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း {၂၃}

မိန်းလမ်းမတွင် ဖြစ်သောကြောင့် ကားသံများ တဝီဝီဖြင့် နားရှုပ်ဖွယ်ကောင်းလှသည်။

မျက်စိရှေ့တွင် မြင်နေရသည့် ရှုပ်ယှက်ခက်နေသော ကားများကိုကြည့်ပြီး တိတ်ဆိတ်အေးချမ်းမှုများ လွှမ်းခြုံထားသည့် ဇာတိမြေကို မင်းစံအိမ် သတိရမိသည်။ မြို့ပြကြီးနဲ့ပဲ နေသားမကျသေးလို့လားတော့ မသိပေ။

မည်သို့ပင် ဖြစ်စေကာမူ ထိုသို့ ယာဉ်တန်းများဖြင့် စိတ်ရှုပ်ဖွယ်ကောင်းလှသည့် နေရာမှာ စံအိမ် ကြာကြာမနေနိုင်ပါ။ အိမ်ရှေ့ ဝရန်တာမှာ ထိုင်ရင်း ကားလမ်းမကြီးကို ကြည့်နေသည့် စံအိမ့်မျက်နှာမှာ စိတ်ရှုပ်မှုများ အတိုင်းသားပင်။

"မောင့်ရဲ့ အိန်း ဘာတွေ အလိုမကျ ဖြစ်နေတာလဲ"

စူပုတ်ပုတ်လေး ဖြစ်နေသည့် ချစ်ရသူ​လေးကြောင့် လွှမ်းရိပ် မေးလိုက်ခြင်း ဖြစ်သည်။

"ကားတွေကို မြင်ရတာ စိတ်ရှုပ်စရာကြီး... ကိုယ်တော့ ဒီလိုနေရာမှာ မနေချင်ဘူး"

"အဟွင်း! သဘက်ခါပဲ ပြန်တော့မယ်... ကားတွေရှုပ်တာကို ခုမှ သတိထားမိတာလား အိန်း"

လွှမ်းရိပ်​ ရှိရာအရပ်ကိုပဲ မျက်နှာမူနေခဲ့သော စံအိမ်သည် အမှန်ပင် ပတ်ဝန်းကျင်ကို ယခုမှ သေချာ သတိထားမိခြင်း ဖြစ်သည်။ ကားများရှုပ်သည်ကို သိပေမယ့် ဤမျှလောက် များပြားပြီး ရှုပ်ထွေးလိမ့်မည်ဟု မထင်ခဲ့ပေ။

"ကိုယ်က မင်းတစ်ယောက်ကိုပဲ ကြည့်နေတာလေ... ဆိုင်ကယ်နောက်က ထိုင်ရင်လည်း ပတ်ဝန်းကျင်ကို အာရုံမရဘူး... မင်း ပုခုံးမှာ မျက်နှာအပ်ထားပြီး ကျောပြင်ကျယ်ကြီးကိုပဲ အမြဲနမ်းနေတာဆိုတော့"

" အိန်းကဗျာ! "

အိန်း​ကြောင့် လွှမ်းရိပ်ရင်ထဲတွင် လိပ်ပြာများ ပျံဝဲသွားသည်။ အိန်း၏ နူးညံ့အိထွေးသည့် ကိုယ်လုံးလေးကို လွှမ်းရိပ် ရင်ခွင်ထဲ ဆွဲသွင်းပြီး နဖူးပြင်လေးကို တရွှတ်ရွှတ် နမ်းရှုက်လေသည်။

ထိုအချိန်တွင် မင်းစံအိမ်၏ ဖုန်းမှ သီချင်းသံ‌လေးသည် လေလှိုင်းထဲသို့ ပျံနှံ့လာလေသည်။

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Where stories live. Discover now