အခန်း {၁၇}

954 56 6
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း {၁၇}

မနက်ခင်းလေးမှာ ချစ်ရသူနှင့် အတူရှိနေသည် ဆိုသော အသိကြောင့် မင်းစံအိမ်၏ နှုတ်ခမ်းထက် အပြုံးနုနုများ ဖြစ်တည်‌နေလေသည်။

မှေးမှိတ်ထားသည့် မျက်ဝန်းများကို ဖွင့်လိုက်ပြီး မင်းစံအိမ်၏ ဘေးဘက်သို့ အကြည့်ပို့လိုက်မိသည်။

လွတ်နေသည့် နေရာလေးကို တွေ့လိုက်ရသောအခါ မင်းစံအိမ်၏ မှေးနေသည့် မျက်ဝန်းများ ပြူးကျယ်သွားတော့သည်။ နာရီကို ကြည့်လိုက်သောအခါ ၆နာရီတိတိကို ညွှန်ပြနေလေသည်။

မင်းစံအိမ် အိပ်ရာထက်မှ အလောတကြီးထကာ လွှမ်းရိပ်ကို လိုက်ရှာမိသည်။

ရေချိုးခန်းထဲတွင်လည်း မရှိသလို ဧည့်ခန်းထဲတွင်လည်း မတွေ့ပေ။ ထမင်းစားခန်းထဲသို့ သွားကြည့်သောအခါတွင်လည်း ထိုနည်းတူစွာ ဖြစ်လို့နေလေသည်။

သော့မပိတ်ပဲ စိထားသည့် တံခါးပေါက်ကို ဖွင့်လိုက်သောအခါ ရှိုးစမိုးအပြည့်ဖြင့် ဆိုင်ကယ်ထုတ်ကာ အပြင်သွားရန် ပြင်နေသည့် လွှမ်းရိပ်ကို တွေ့လိုက်ရသည်။

ခြံပေါက်ဝရှိ တံခါးနားသို့ ရောက်နေပြီ ဖြစ်သည့် လွှမ်းရိပ်ဆီသို့ မင်းစံအိမ် အပြေးသွားလိုက်ကာ ထိုကောင်လေးကို ဖက်ထားလိုက်မိသည်။

"မင်း! ကိုယ့်ကို မခေါ်ပဲ တစ်ယောက်တည်း ဘယ်ကိုသွားမလို့လဲ... မင်းက ကိုယ့်ကို အရမ်းရက်စက်တာပဲ"

"စျေးသွားမလို့"

ပြန်ဖြေမည်ဟု မထင်ထားပေမယ့် လွှမ်းရိပ်က အကြောင်းအရာကို ပြောလာလေသည်။

"ကိုယ်လည်း လိုက်မယ်လေ... ခဏပဲစောင့်... မျက်နှာအမြန်သစ်ပြီး လာခဲ့မယ်... နော်"

လွှမ်းရိပ်သည် သူ့ခါးကို ယှက်သွယ်ချိတ်ဆက်ထားသည့် မင်းစံအိမ်၏ လက်များကို မဖယ်ချသလို စံအိမ်ကလည်း ယခုချိန်ထိ လွှမ်းရိပ်၏ ခါးများကို တင်းနေအောင် ဖက်ထားဆဲ ဖြစ်သည်။

"ကိုယ် မျက်နှာသစ်ပြီး လာခဲ့မယ်နော်... တစ်ကယ် ခဏလေးပဲစောင့်ပေး"

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Hikayelerin yaşadığı yer. Şimdi keşfedin