အခန်း {၁၀}

1.1K 59 0
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း {၁၀}

နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ဟူသည့် ဉတုများသည် အလီလီ ပြောင်းလဲနေပြီး အချိန်များလည်း တရွေ့ရွေ့ ကုန်ဆုံးလျက်ရှိသည်။

ယခုဆို မင်းစံအိမ်ပင် ဆယ်တန်းကျောင်းသားကြီးတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

အချိန်ရာသီများ ပြောင်းလဲနေပေမယ့် လွှမ်းရိပ်အပေါ်  ထားရှိသည့် မင်းစံအိမ်၏ အချစ်များသည်တော့ မပြောင်းလဲပါလေ။

မင်းစံအိမ်၏ ကံကောင်းခြင်း တစ်ခုသည် ကိုးတန်း နှင့် ဆယ်တန်း နှစ်တန်းလုံးတွင်လည်း လွှမ်းရိပ်နှင့် အသင်းတူခြင်းပင် ဖြစ်ပါသည်။ ကိုးတန်း အတန်းပိုင်ဆရာမသည် ရှစ်တန်းတုန်းက အသင်းအတိုင်းသာ ဆက်လုပ်ရန်ပြောပြီး အသင်း ထပ်မခွဲပေးသောကြောင့် ဖြစ်သည်။

မင်းစံအိမ်သည် စာကျက်လိုက်၊ လွှမ်းရိပ်ကို ပိုးပန်းလိုက်နှင့် လွန်ခဲ့သည့် အချိန်များကို အကျိုးရှိစွာ ကုန်ဆုံးခဲ့လေသည်။

.

နွေရာသီ ကျောင်းပိတ်ရက်ရှည်တွင် လွှမ်းရိပ်ဆီသို့ သွားလည်း မင်းစံအိမ်သည် ထိုကောင်လေးနှင့် မတွေ့ရပါလေ။ အကြောင်းကား လွှမ်းရိပ်သည် ဆုလပြည့် ၏ အဖေ ဉီးထွန်းလူ ဝပ်ရှော့တွင် အလုပ် လုပ်နေသောကြောင့် ဖြစ်သည်။

လွှမ်းရိပ်နှင့် တွေ့ချင်သောကြောင့် မင်းစံအိမ်သည် အဖေဖြစ်သူကို ဆိုင်ကယ်စီး သင်ပေးရန် ပူဆာလေတော့သည်။ 

ဘက်ထရီဆိုင်ကယ်လေးစီးပြီး မင်းစံအိမ်သည် ဆိုင်ကာ်ဘီးရာများ ထပ်အောင်ပင် ဉီးထွန်းလူ၏ ဝပ်ရှော့ကို သွားသောကြောင့် ဝပ်ရှော့က လူများနှင့်ပင် ခင်နေပြီ ဖြစ်သည်။

ဝပ်ရှော့ကို လာသည့် မင်းစံအိမ်ကို မြင်သည်နှင့် ဝပ်ရှော့မှ လူများသည် မောင်ဆင်ကယ်ပြိုင် ဟု ခေါ်ကာ စနောက်ကျပါသည်။ သူတို့ စသည်လည်း မလွန်ပါလေ။

မင်းစံအိမ်သည် နေ့စဉ်နေတိုင်း ပျက်ရက်မရှိအောင်ပင် ဉီးထွန်လူ၏ ဆိုင်ကယ်ပြင်ဆိုင်ကို သွားလေသည်။

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Donde viven las historias. Descúbrelo ahora