🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း {၂၂}
" 5:00AM "
ကျင့်သားရနေပြီဖြစ်သည့် မျက်လုံးများသည် အချိန်မှန်စွာ နိုးထလာခဲ့ပြီ ဖြစ်သည်။ လွှမ်းရိပ်၏ ရင်ခွင်ထဲမှာ အိပ်မောကျနေသည့် အိန်းကို ငုံ့မိုးကြည့်ရင်း ချစ်စိတ်များသည် ဒီရေအလား တရိပ်ရိပ်တိုးလျက် ရှိသည်။
အိန်း၏ နဖူးပေါ်တွင် အုပ်မိုးနေသည့် ပျော့ပျောင်းသော ဆံသားများကို ပင့်တင်လိုက်ပြီး ပေါ်လာသည့် နဖူးပြင်လေးကို မြတ်နိုးစွာဖြင့် လွှမ်းရိပ် နမ်းရှိုက်လိုက်သည်။ အိန်းသည်တော့ အပူပင်ကင်းစွာ အိပ်ပျော်လို့နေလေသည်။
လွှမ်းရိပ်၏ ရင်ဘတ်ပေါ်မှာ အိပ်ပျော်နေသည့် အိန်းကို ဘေးဘက်ဆီသို့ မ,ကာ ရွေ့သိပ်လိုက်ပါသည်။ အိန်းကို လွှမ်းရိပ် ကိုင်တွယ်မယူသည့်ပုံမှာ မထိရက်၊ မကိုင်ရက်ဖြင့် နူးနူးညံ့ညံ့လေး ဖြစ်သည်။
.
.
.ခန္ဓာကိုယ်မှ နာကျင်မှုများဖြင့် နိုးထလာရသည့် မနက်ခင်းတစ်ခုဝယ်။ သို့သော် လွှမ်းရိပ်နှင့် ညက သွေးသားနှီးနှောသည့်အဖြစ်ကို တွေးရင် ထိုနာကျင်မှုကိုပင် မင်းစံအိမ် ကြည်နူးနေပါသည်။
မင်းစံအိမ် နိုးသည့်အချိန်မှာ လွှမ်းရိပ်ကို မတွေ့ရသည်ပဲ တော်ပါပြီ။ ညက လွှမ်းရိပ်ကို လိုချင်တပ်မက်နေသည့် ကိုယ့်အဖြစ်ကို တွေးမိပြီး ယခုမှ စံအိမ် ရှက်နေမိသည်။ စိတ်ကို တည်ငြိမ်အောင် အသက်ရှူသွင်း၊ ရှူထုတ် လုပ်ပြီး စိတ်ဖြေနေရသည်။
ရှက်စိတ်များ ပြေသလောက်ရှိမှ ရေချိုးခန်းထဲ ဝင်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။ လမ်းလျှောက်ရသည်မှာ အဆင်မပြေလှပါ။ တစ်ချက်၊ တစ်ချက် နာကျင်မှုကို အနည်းငယ် ခံစားရပါသည။ မင်းစံအိမ်၏ ကိုယ်ပေါ်တွင်တော့ လွှမ်းရိပ်၏ အဝတ်အစားများက နေရာယူလျက် ရှိသည်။
ကြက်သွန်ဆီချက်သည့် အနံ့မှာ သင်းပျံ့နေသောကြောင့်
လွှမ်းရိပ်တစ်ယောက် မီးဖိုခန်းထဲတွင်ရှိကြောင်း မင်းစံအိမ် သိလိုက်ပါသည်။ မျက်နှာသစ်ပြီးသောအခါ မီးဖိုခန်းထဲသို့ မင်းစံအိမ်လည်း သွားလိုက်သည်။
CZYTASZ
လွှမ်းရိပ်စံအိမ် { လႊမ္းရိပ္စံအိမ္ } [Completed]
Romans🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...