🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း { ၆ }
ဟောင်းပြီး သံချေးများ တက်နေသည့် စက်ဘီးလေးကို စီးကာလာမည့် လွှမ်းရိပ်လေးကို အိမ်ရှေ့မှနေ၍ မင်းစံအိမ် ထွက်မျှော်နေမိသည်။
စောင့်မျှော်နေသောကြောင့်လား မသိ အချိန်ကုန်သည်က နှေးလွန်းသည်ဟု မင်းစံအိမ် ထင်မိသည်။
ညစ်ပတ်အိုးလေး လာမည့် တောင်ဘက်လမ်းကို လည်ပင်းလေးရှည်ကာ လှမ်းကြည့်ရင်း မင်းစံအိမ် မျှော်နေမိသည်။
.
"ဘောလိုပဲ... သောက်ခဲတွေကလည်း ဒီနေ့မှ ပေါတာကွာ"
မျှော်နေသည့် တစ်ယောက်သောသူကြောင့် လွမ်းရိပ် စီးနှင်လာသော စက်ဘီးသည် ခဲလုံးများကို ခဏခဏ နင်းမိပြီး ယိမ်းယိုင်၍ နေသည်။
.
လမ်းတွင် စက်ဘီးနင်းရသည်မှာ အဆင်မပြေသည့်ကြားထဲ မင်းစံအိမ်ကို တွေ့လိုက်ရ၍ လွှမ်းရိပ် စိတ်များနောက်ကျိသွားရသည်။
လူကို ခနဲ့သဲ့သဲ့ ပြုံးကာ ခပ်လှောင်လှောင် လာကြည့်နေသည့် ဘဝင်ရူးကောင်၏ မျက်ခွက်ကြီးကို လွှမ်းရိပ် ပစ်ထိုးလိုက်ချင်ပါသည်။
"အဟွန်း! မင်းက လူကသာ ငယ်တာ... ရည်းစားကြထားတတ်တယ်နော်"
ပန်းတွေကိုင်ပြီး ရပ်နေသော ရှည်မျောမျောနှင့် ပိန်မဲနေသည့် ညစ်ပတ်အိုးကို ကြည့်ကာ မင်းစံအိမ် ပြောလိုက်လေသည်။
ရှေ့ကကောင် ဘာကိုဆိုလိုမှန်း မသိသည်ကြောင့် လွှမ်းရိပ် မျက်မှောင်တွန့်ကာ စဉ်းစားနေမိသည်။
"အဟား.. ဘာလဲ မင်း ရည်းစားထားတာကို ငါ သိသွားလို့ ကြောက်နေတာလား"
လွှမ်းရိပ်မှာ ယခုချိန်ထိ မင်းစံအိမ် ဘာတွေပြောနေမှန်း မသိသေးပါ။ မဟုတ်မှ အဲ့ကောင် ရူးသွားသည်လား။
"ဟေ့ကောင်! ပန်းဖိုး မပေးပဲ ဘာဇာတ်တွေ လာကနေတာလဲ"
မသိချင်ယောင်ဆောင်နေသည့် ညစ်ပတ်အိုးကြောင့် တွေ့မြင်ခဲ့သည်များကို မင်းစံအိမ် တည့်တိုးပြောလိုက်သည်။
VOUS LISEZ
လွှမ်းရိပ်စံအိမ် { လႊမ္းရိပ္စံအိမ္ } [Completed]
Roman d'amour🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...